” Valentine ‘s Day မှာ ချစ်သူကိုအလင်းပြလိုက်တဲ့ မိတ်ကပ်မထက် “

မထက်ဟာ နှစ်တွေအများကြီးကြာအောင် အောင်မြင်မှုကိုထိန်းထားနိုင်တဲ့ မိတ်ကပ်ပညာရှင်တစ်ဦးဖြစ်သလို နောက်ပိုင်းမှာ သရုပ်ဆောင်တစ်ဦးအဖြစ်ပါ ရုပ်ရှင်ရိုက်ထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ မထက်ဟာ ထိပ်တန်းမင်းသား အောင်ရဲလင်းနဲ့ မောင်နှမတွေလိုခင်မင်ရင်းနှီးသူတစ်ဦးဖြစ်ပြီး အောင်ရဲလင်းနဲ့ အပြန်အလှန်ရင်းနှီးစွာဖွင့်ဟတိုင်ပင်တတ်သူတစ်ဦးလည်းဖြစ်ကြောင်းသိရပါတယ်။

Flower

မထက်က အောင်ရဲလင်းရဲ့ မိတ်ကပ်ဆရာမတစ်ဦးဖြစ်သလို Stylist တစ်ဦးလည်းဖြစ်ပြီး ရင်းနှီးစွာ အကြံဉာဏ်ပေးတတ်တဲ့ မိတ်ဆွေကောင်းတစ်ဦးဆိုရင်လည်း မမှားပါဘူး။

မထက်ပါဝင်ရိုက်ကူးခဲ့တဲ့ “ ကျားကျားကြိုက်ကြိုက် ” ရုပ်ရှင်ဇာတ်ကားကြီးကတော့ ပရိသတ်တွေ တခဲနက်အားပေးနှစ်ခြိုက်ခဲ့ကြတာပါ။ မထက်ရဲ့အချစ်ရေးကတော့ တစ်ယောက်တည်း Single အဖြစ် ဖြတ်သန်းလာခဲ့တာကြာပါပြီနော်။

ဒီနေ့ဖေဖော်ဝါရီလ (၁၄)ရက်နေ့ကတော့ ချစ်သူစုံတွဲတွေအတွက် နေထူးရက်မြတ်လေးအဖြစ် သတ်မှတ်ထားကြတဲ့ ချစ်သူများနေ့ပဲ ဖြစ်ပါတယ်။ ချစ်သူများနေ့မှာ ပရိသတ်တွေ ကို မထက်ကတော့ သူမရဲ့အချစ်ရေးကို ဖွင့်ချပြလိုက်တာပါ။ ရိုမန့်တစ်ဆန်တဲ့ စုံတွဲပုံရိပ်တွေ ချပြခဲ့ပြီးနောက်မှာ အနုပညာရှင်တွေများစွာ မှတ်ချက်တွေပေးလာခဲ့တာတွေ့ရပါတယ်။

ပရိသတ်တွေကလည်း ဂုဏ်ပြုစကားတွေ ပြောထားကာ အားကျတဲ့မှတ်ချက်တွေ ပေးနေကြတာပဲ ဖြစ်ပါတယ်။ပရိသတ်ကြီးလည်း မထက်တို့စုံတွဲလေးကို ဂုဏ်ပြုစကားလေးပြောခဲ့ပါဦးနော်။

Zawgyi

မထက္ဟာ ႏွစ္ေတြအမ်ားႀကီးၾကာေအာင္ ေအာင္ျမင္မႈကိုထိန္းထားႏိုင္တဲ့ မိတ္ကပ္ပညာရွင္တစ္ဦးျဖစ္သလို ေနာက္ပိုင္းမွာ သ႐ုပ္ေဆာင္တစ္ဦးအျဖစ္ပါ ႐ုပ္ရွင္႐ိုက္ထားတဲ့ အႏုပညာရွင္တစ္ဦးျဖစ္ပါတယ္။ မထက္ဟာ ထိပ္တန္းမင္းသား ေအာင္ရဲလင္းနဲ႔ ေမာင္ႏွမေတြလိုခင္မင္ရင္းႏွီးသူတစ္ဦးျဖစ္ၿပီး ေအာင္ရဲလင္းနဲ႔ အျပန္အလွန္ရင္းႏွီးစြာဖြင့္ဟတိုင္ပင္တတ္သူတစ္ဦးလည္းျဖစ္ေၾကာင္းသိရပါတယ္။

မထက္က ေအာင္ရဲလင္းရဲ႕ မိတ္ကပ္ဆရာမတစ္ဦးျဖစ္သလို Stylist တစ္ဦးလည္းျဖစ္ၿပီး ရင္းႏွီးစြာ အႀကံဉာဏ္ေပးတတ္တဲ့ မိတ္ေဆြေကာင္းတစ္ဦးဆိုရင္လည္း မမွားပါဘူး။

မထက္ပါဝင္႐ိုက္ကူးခဲ့တဲ့ “ က်ားက်ားႀကိဳက္ႀကိဳက္ ” ႐ုပ္ရွင္ဇာတ္ကားႀကီးကေတာ့ ပရိသတ္ေတြ တခဲနက္အားေပးႏွစ္ၿခိဳက္ခဲ့ၾကတာပါ။ မထက္ရဲ႕အခ်စ္ေရးကေတာ့ တစ္ေယာက္တည္း Single အျဖစ္ ျဖတ္သန္းလာခဲ့တာၾကာပါၿပီေနာ္။

ဒီေန႔ေဖေဖာ္ဝါရီလ (၁၄)ရက္ေန႔ကေတာ့ ခ်စ္သူစုံတြဲေတြအတြက္ ေနထူးရက္ျမတ္ေလးအျဖစ္ သတ္မွတ္ထားၾကတဲ့ ခ်စ္သူမ်ားေန႔ပဲ ျဖစ္ပါတယ္။ ခ်စ္သူမ်ားေန႔မွာ ပရိသတ္ေတြ ကို မထက္ကေတာ့ သူမရဲ႕အခ်စ္ေရးကို ဖြင့္ခ်ျပလိုက္တာပါ။ ႐ိုမန႔္တစ္ဆန္တဲ့ စုံတြဲပုံရိပ္ေတြ ခ်ျပခဲ့ၿပီးေနာက္မွာ အႏုပညာရွင္ေတြမ်ားစြာ မွတ္ခ်က္ေတြေပးလာခဲ့တာေတြ႕ရပါတယ္။

ပရိသတ္ေတြကလည္း ဂုဏ္ျပဳစကားေတြ ေျပာထားကာ အားက်တဲ့မွတ္ခ်က္ေတြ ေပးေနၾကတာပဲ ျဖစ္ပါတယ္။ပရိသတ္ႀကီးလည္း မထက္တို႔စုံတြဲေလးကို ဂုဏ္ျပဳစကားေလးေျပာခဲ့ပါဦးေနာ္။

Flower

You May Also Like

About the Author: hanminhtet