” Covid 19 ကြိုတင်ကာကွယ်တဲ့ အပြုအမူလေးကို နိုင်ငံကျော်တစ်ယောက်အဖြစ် ရှေ့ကနေဦးဆောင် လိုက်နာပြလိုက်တဲ့ ပက်ထရစ်ရှာ “

ညို့အားပြင်းတဲ့အလှပိုင်ရှင် ပက်ထရစ်ရှာကတော့ မော်ဒယ်လ်သရုပ်ဆောင်တစ်ယောက်အနေနဲ့ အနုပညာလောကကို စတင်ဝင်ရောက်လာသူတစ်ယောက်ပါ။သူမရဲ့ညို့အားပြင်းတဲ့ အလှတွေကြောင့် ပရိသတ်တွေက ဝန်းရံအားပေးနေကြတာဖြစ်ပြီး သူမရဲ့ အမိုက်စား ပုံရိပ်တွေကိုလည်း အမြဲစောင့်ကြည့်အားပေးနေခဲ့ကြတာဖြစ်ပါတယ် ။

Flower

မြင့်မားတဲ့အရပ်၊ ဆွဲဆောင်မှုရှိတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့အပြင် ချစ်စဖွယ်စကားပြောဟန်လေးကလည်း ပရိသတ်တွေကို အချစ်ပိုစေတဲ့အချက်ဆိုရင်လည်း မမှားပါဘူး။မကြာသေးခင်က ကမ်းခြေမှာ ဘစ်ကနီရိုက်ခဲ့တဲ့ပုံလေးတွေကြောင့်လည်း ပရိသတ်တွေကြားမှာရေပန်းစားနေသေးပါတယ်။

လက်ရှိမှာတော့ Covid 19 ဖြစ်ပွားနေမှုနဲ့ပတ်သက်ပြီး ပက်ထရစ်ရှာတစ်ယောက်ကတော့ အပြင်ထွက်တဲ့အခါ Mask နဲ့လက်အိတ်တပ်ပြီး ထွက်ကြောင်းကို ပုံလေးတွေနဲ့တကွ သက်သေပြခဲ့တာပဲ ဖြစ်ပါတယ်။

သူမရဲ့ပေါ့ပါးတဲ့ ဟန်ပန်လေးနဲ့ ပရိသတ်တွေအတွက် တိုက်တွန်းလိုက်တာဖြစ်တဲ့အပြင် သူမကိုယ်တိုင်လည်း ပြုမူဆောင်ရွက်ကြောင်း ပြောပြလိုက်တာပါနော်။ ပရိသတ်ကြီးလည်း ပက်ထရစ်ရှာလို အပြင်ထွက်တဲ့အခါ Mask နဲ့ လက်အိတ်ဝတ်ဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

Zawgyi





You May Also Like

About the Author: hanminhtet