Covid-19 ကာလအတွင်း နာရေးကူညီမှုအသင်းမှာ လုပ်အားပေးဖြစ်နေတဲ့ ရွှေပိုးအိမ်

အခုလို ပါဝင်ကူညီခွင့်ရတာကိုပဲ ဝမ်းသာနေမိတယ်တဲ့။Dead body သယ်တဲ့ အလုပ်မှာ ပါဝင်ကူညီပေးချင်နေတာ ကြာခဲ့ပြီ အခုမှဘဲ သေသေချာချာ လုပ်အားပေးဖြစ်တယ်လို့ သူမက ဆိုပါတယ်။သရုပ်ဆောင် ရွှေပိုးအိမ်က အနုပညာအလုပ်တွေ အားနေတဲ့ အချိန်အတွင်း ဦးကျော်သူဦးဆောင်တဲ့ နာရေးကူညီမှုအသင်းမှာ လုပ်အားပေးဖြစ်နေပါတယ်။Dead body သယ်တဲ့အလုပ်ကို လုပ်ချင်နေခဲ့တာ ကြာပြီဖြစ်သလို အခုလို Covid -19 ကာလအတွင်း အလုပ်တွေ အားနေတဲ့အချိန်မှာ သေသေချာချာ ထဲထဲဝင်ဝင်ကူညီပေးနိုင်တာကြောင့် အရမ်းကျေနပ်မိတယ်လို့ ဆိုပါတယ်။

“ရွှေပိုးက ဒီလိုလုပ်ချင်နေတာကြာပြီ အခုမှ သေသေချာချာ ထဲထဲဝင်ဝင်လုပ်ဖြစ်ခဲ့တာပါကိုယ်အရမ်း လုပ်ချင်တဲ့အရာ လုပ်ရတဲ့အတွက် ကျေနပ်ပါတယ်။ နောက်တစ်ခုက ဦးကျော်သူနာရေး ကူညီမှုအသင်းက ဦးကျော်သူရော ပါဝင်သူတွေအားလုံးကိုလည်းလေးစားတယ်အတုလည်းယူတယ် အဲ့ဒါကြောင့် ပိုပြိး လုပ်ဖြစ်တာပါ။Covid ကာလမှာ အိမ်မှာနေနေမယ့်အတူတူ ဒီကိုလာပြိး ပရဟိတလေး ပါဝင်ကူညီပေးဖြစ်တာပါ”လို့ သူမက ပြောပါတယ်။

ပရဟိတအဖွဲ့ထဲမှာ ပါဝင်ကူညီပေးချိန်ကနေ အခုထိ သူမကအနေနဲ့ Dead body (၂၈)လောင်းကျော်ရဲ့ ဘဝနေဝင်ချိန်တွေကို အေးချမ်းစွာ ပို့ဆောင်ပေးနိုင်ခဲ့ပြီ ဖြစ်တယ်လို့လည်း ပြောပါတယ်။“Covid-19 ကာလမှာ နာကူ(ရန်ကုန်)မှ ဦးမောင်ရဲ့ ပရဟိတ လမ်းပြမှုတွေနဲ့အတူ ရွှေပိုးသက်စေ့ dead body (28) လောင်းကျော်ရဲ့ ဘဝနေဝင်ချိန်များကို အေးချမ်းစွာ ပို့ဆောင်ပေးခဲ့ပါပြီ၊ ပြုပြု သမျှ ကုသိုလ်ကောင်းမှု အားလုံးကို အမျှ အမျှ အမျှ ပေးပါတယ် သာဓု သာဓု သာဓု ခေါ်ဆိုနိုင်ကြပါစေ” ဆိုပြီး ဒီနေ့ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားထားပါသေးတယ်။

သူမအနေနဲ့ Covid-19 ကာလအတွင်းမှာ ာနာရေးကူညီမှုအသင်းတွင် လုပ်အားပေးအနေနဲ့ တတ်နိုင်သလောက်ပါဝင်ကူညီပေးဦးမှာ ဖြစ်သလို အနုပညာအလုပ်တွေ ပြန်လုပ်လာရတဲ့အချိန်မှာ တစ်ပတ်တစ်ရက်နှုန်းနဲ့ ပါဝင်ကူညီသွားဦးမှာလို့ ဆိုပါတယ်။ရွှေပိုးအိမ်ကိုတော့ ပရိသတ်တွေက ဗီဒီယိုဇာတ်ကားတွေကနေတဆင့် အားပေးလာခဲ့ကြတာဖြစ်ပါတယ်။ အခုချိန်မှာတော့ သူမဟာ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်လာတဲ့မင်းသမီးတစ်ယောက်ဖြစ်လို့နေပါပြီ။ လက်ရှိမှာလည်း ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေလည်း ရိုက်ကူးနေရသူ ဖြစ်သလို မိသားစုနဲ့ဖြစ်ဖြစ်၊ ပရိသတ်တွေနဲ့ဖြစ်ဖြစ် အလှူအတန်းဆိုရင်လည်း အမြဲမပြတ် ဆောင်ရွက်နေသူတစ်ဦးဖြစ်ပါတယ်။

You May Also Like

About the Author: hanminhtet

Leave a Reply

Your email address will not be published. Required fields are marked *