Home » Celebrity

ထိပ်တန်းမင်းသားနဲ့ မင်းသမီးတွေဖြစ်တဲ့ နေတိုးနဲ့ အူဝဲတို့ ထပ်မံတွေ့ဆုံဦးမယ့် Box No(88 ) ရုပ်ရှင်ဇာတ်ကားကြီး

ဒိတ်ဒိတ်ကြဲမင်းသားကြီးတစ်ဦးဖြစ်တဲ့နေတိုးနဲ့ အနုပညာကဝေလို့တောင် တင်စားခေါ်ဝေါ်ကြတဲ့ ဝါရင့်မင်းသမီးတစ်လက်ဖြစ်တဲ့ အူဝဲတို့ ရဲ့ ထပ်မံတွေ့ဆုံဦးမယ့် ” Box No(88 ) ” ရုပ်ရှင်ဇာတ်ကားကြီး ကို နိုဝင်ဘာလ (၇)ရက်နေ့မှာ ရုံတင်ပြသတော့မှာပဲ ဖြစ်ပါတယ်။ အခုနောက်ပိုင်းနှစ်တွေမှာ နှစ်ယောက်တွဲတွေ့ဆုံတာသိပ်မတွေ့ရတော့ပေမယ့် မကြာသေးမီက ဒိတ်ဒိတ်ကြဲနှစ်ယောက်တွေ့ဆုံခဲ့တဲ့ ” ရူးအောင်ချစ်မယ့်လူ ” ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း ပရိသတ်တွေတခဲနက် အားပေးကြမ်းခဲ့ကြတယ်လို့ဆိုရမှာပါ။ ဒီဇာတ်ကားမှာလည်း ဘယ်လို ကာရိုက်တာတွေနဲ့ ဘယ်လိုဇာတ်ကွက်တွေက ပရိသတ်ရင်ကို ထိရှစေမလဲ ဆိုတာလည်း အရမ်းကိုရင်ခုန်စရာကောင်းပါတယ်။ ” Box…

Read More »

ကယ်ဆယ်ရေးတွေမှာ ဓာတ်ပုံပဲ ရိုက်ပြီး ပြန်သွားတယ်ဆိုတဲ့ ဝေဖန်မှုတွေကို ပြန်ဖြေရှင်းလိုက်တဲ့ ဝေဠုကျော်

ပရဟိတအလုပ်တွေကို အားကြိုးမာန်တက် လုပ်ကိုင်လေ့ရှိတဲ့ ဝေဠုကျော်ကတော့ ကျန်းမာရေးအခြေအနေ အရရော အသက်အရွယ်အရပါ လူငယ်တွေနဲ့ ယှဉ်ပြီးတော့ မလုပ်နိုင်တော့ဘူးလို့ ဆိုပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်တဲ့အချိန်တွေမှာ ဓာတ်ပုံပဲ ရိုက်ပြီး ပြန်သွားတယ်ဆိုတဲ့ ဝေဖန်သံတွေနဲ့ ပတ်သက်ပြီး ဝေဠုကျော်က ပြန်ဖြေရှင်းခဲ့တာ ဖြစ်ပါတယ်။ ကျန်းမာရေး အခြေအနေအရ နေမကောင်းတဲ့ အချိန်တွေရှိခဲ့သလို နေကောင်းခဲ့ရင်တောင်မှ လူငယ်တွေနဲ့ ယှဉ်ပြီး အားသွန်စိုက် မလုပ်နိုင်တော့ဘူးလို့ သူက ဆိုပါတယ်။ “လူငယ်တွေနဲ့ယှဉ်ပြီး မလုပ်နိုင်တော့ဘူး ။ ဒီနှစ်ထဲမှာ ကျွန်တော်အရမ်းအပြောခံရတယ်။ ကြည့်ယုံပဲ ရပ်ကြည့်တယ်။…

Read More »

ရုပ်ရှင်သက်ကြီးပူဇော်ပွဲ မလာတဲ့သရုပ်ဆောင်တွေကို ဒဲ့ဝေဖန်လိုက်တဲ့သားညီ

ဒီနေ့ သီတင်းကျွတ်လပြည့်နေ့ အခါသမယ ဟာဆိုရင် မြန်မာလူမျိုးတွေ အတွက် ၊ ဗုဒ္ဓဘာသာဝင်တွေ အတွက် အလေးအမြတ်ထားရာ နေ့ထူးနေ့မြတ်ပဲ ဖြစ်ပါတယ်။ ဒီလိုနေ့မှာ ရပ်ဝေးရောက်နေသူတွေကလည်း မိဘ အဖိုးအဘွားတွေဆီသွားရောက်ကန်တော့ကြပြီးတော့ မိသားစုတွေ စုံစုံလင်လင်ရှိကြသလို ၊ ဘာသာရေးအယူအဆအားဖြင့်လည်း တာဝတိံသာနတ်ပြည်ကနေ ဗုဒ္ဓမြတ်စွာဘုရားဟာ ဓမ္မစြင်္ကာတရားတော် များ ဟောကြားပြီးလို့ လူပြည့်သို့ ပတ္တမြားစောင်းတန်းကနေ ပြန်ကြွမြန်းတဲ့နေ့မို့ လူနတ်ဗြဟ္မာသတ္တဝါအားလုံးက ဆီမီးတွေထွန်းညှိပူဇော်ကြတဲ့နေ့လည်း ဖြစ်ပါတယ်။ ကန်တော့ကြတဲ့ နေ့လည်းဖြစ်ပါတယ်။ မိမိတို့ထက် သရုပ်ဆောင်လောကမှာ အသက်ရော ဝါရောကြီးရင့်ကြီးတဲ့…

Read More »

သီတင်းကျွတ်မှာ အတွဲမရှိဘဲ တစ်ယောက်တည်း ယောင်လည်လည်ဖြစ်နေတယ် ဆိုတဲ့ ဆောင်းဝတ်ရည်မေ

ဆောင်းဝတ်ရည်မေကတော့ MRTV – (4)ဇာတ်လမ်းတွဲမင်းသမီလေး တစ်ဦးဖြစ်ပြီး ” ဝိဉာဉ်ရှိုက်သံ”ဇာတ်လမ်းတွဲကစတင်ကာ ” ကြယ်စင်ချို” ဆိုတဲ့ ဇာတ်ကောင်လေးနဲ့ ပရိသတ်တွေစတင်သတိထားမိလာပြီး “ဝင်္ကပါစံအိမ် ” ရဲ့ဇာတ်လမ်းတွဲမှာ ” စောကလျာ ” ဆိုတဲ့ဇာတ်ကောင် အပြင် “အမုန်းမှသည်” ဇာတ်ကားမှာ” နေချိုသွေး”အဖြစ်ပရိသတ်တွေလက်ခံသဘောကျခဲ့ရတဲ့ သူတစ်ယောက်ပါ။ ထပ်မံပြီး “အချစ်သင်္ကေတ “ဇာတ်လမ်းတွဲမှာ ” ဖြူစင်ရှင်းသန့် ” ဆိုတဲ့ ကာရိုက်တာအပြင် “ချစ်ခြင်းတရားတို့ရှိရာ ” ဇာတ်လမ်းတွဲမှာ သက်သက်ဇော်အဖြစ် ကာရိုက်တာမိစွာ သရုပ်ဆောင်ချက်တွေကြောင့်…

Read More »

Sinon Loresca က နှလုံးသားလှတဲ့သူတစ်ယောက်ပါဆိုတဲ့ ထွန်းထွန်း

ထွန်းထွန်းကတော့ ဖိလစ်ပိုင် က နာမည်ကျော် တစ်ယောက်ဖြစ်တဲ့ Sinon Loresca ရဲ့ အကြောင်းတွေကို လေ့လာရင်း Sinon Loresca ရဲ့ နှလုံးသားဖြူစင်မှုကို မြင်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ နှင်းဆီလှေ အငြိမ့်ထဲမှာလည်း Sinon Loresca နဲ့ ပုံစံတူလုပ်ပြီး သရုပ်ပြဖျော်ဖြေဖြစ်ခဲ့တဲ့အကြောင်းတွေ ပြောလာပါတယ်။ ထွန်းထွန်းကတော့ Sinon Loresca ရဲ့ ပုံစံတူလုပ်ပြီး အငြိမ့်ကရမှာဖြစ်လို့ Sinon Loresca အကြောင်းတွေကို လေ့လာဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ Sinon Loresca ရဲ့ စိတ်နေစိတ်ထားတွေကိုလည်း…

Read More »

လမ်းဘေးကအမျိုးသမီးကို ပန်းစည်းလေးပေးပြီး ကြင်နာမှုပြသခဲ့တဲ့ Sinon Loresca

ဖိလစ်ပိုင် လူမျိုး မော်ဒယ် Sinon Loresa တစ်ယောက်ဟာဆိုရင် မြန်မာပြည်ကို အထူးမြတ်နိုးသူတစ်ဦးဖြစ်ပြီးတော့ ယခုဆိုရင် မြန်မာနိုင်ငံကို ဒုတိယအကြိမ်မြောက် လာရောက်လည်ပတ်နေတာပဲ ဖြစ်ပါတယ်။ သူဟာဆိုရင် Catwalk King လို့လူသိများတာ ဖြစ်ပြီးတော့ ကမ္ဘာ့ကလည်း သိတဲ့ အောင်မြင်သူတစ်ဦးပဲဖြစ်ပါတယ်။ သူဟာပထမအကြိမ် မြန်မာနိုင်ငံကို လာရောက်လည်ပတ်ပြီးတော့ သိပ်မကြာခင်မှာပဲ မြန်မာနိုင်ငံကို လွမ်းလို့ဆိုပြီး ဒုတိယအကြိမ်မြောက်ပြန်လာခဲ့သူလည်း ဖြစ်ပါတယ်။ သူဟာဆိုရင် နူးညံ့တဲ့နှလုံးသား ရှိသူဖြစ်ပြီးတော့ သဒ္ဓါတရားလည်း ထက်သန်လှသူဖြစ်ပါတယ်။ လာရောက်လည်ပတ်စဉ်ကပင် အလှူအတန်းများကို ပြုလုပ်လေ့ရှိပြီးတော့ အိမ်ယာမဲ့တွေ၊…

Read More »

အားပေးနေတဲ့ပရိသတ်ကို ကျေးဇူးအကြီးကြီးတင်ကြောင်းပြောလိုက်တဲ့ အက်စသာဒေါ့ချင်းဆုန်

လက်ရှိအချိန်မှာ ပရိသတ်တွေဝက်ဝက်ကွဲအားပေးနေတဲ့ မြန်မာအိုင်ဒေါပြိုင်ပွဲကတော့ဆက်လက်ကျင်းပလျက်ပါ။ဒီပြိုင်ပွဲဟာပရိသတ်စိတ်ဝင်စားမှုအလွန်များသလို ကိုယ်သဘောကျတဲ့အဆိုရှင်ကိုအားပေးကြတဲ့သူတွေလည်းအများအပြားပါပဲ။ပရိသတ်တွေအကြီးအကျယ်အားပေးတာခံနေရတဲ့ မိန်းကလေးအဆိုရှင်တွေထဲမှာတော့ ဆုန်ဆုန်လို့ချစ်စနိုးခေါ်ကြတဲ့ အက်စသာဒေါ့ချင်းဆုန်ကထိပ်ဆုံးကပါပဲ။ ဆုန်ဆုန်ဟာ ပဏာမရွေးချယ်ပွဲမှွာေးချယ်ခံခဲ့ရပါပြီ။ဒါ့အပြင် Winner ဖြစ်နိုင်တယ်လို့ သုံးသပ်ခံရတာတွေလည်းရှိပါတယ်။ပရိသတ်တွေဒုနဲ့ဒေးဝန်းရံခံနေရတဲ့ဆုန်ဆုန်ကတော့ ပရိသတ်ကိုမေံမထားပါဘူး။အားလုံးကိုကျေးဇူးတင်ကြောင်းကို သူ့ရဲ့ဖေ့ဘွတ်မှာ ရေးသားထားခဲ့ပါတယ်။ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “Myanmar idol ပွဲကနေတစ်ဆင့်ညီမကိုချစ်ပီးအားပေးကြတဲ့ညီအကိုမောင်နှမဆွေမျိုးသားချင်းအားလုံးနဲ့ ညီမနဲ့အပြင်မှာမသိပေမယ့်ချစ်ခင်ပီးတော့အားပေးကြတဲ့ပရိသတ်ကိုလည်းညီမ ကျေးဇူးအရမ်းတင်ပါတယ်လိုပြောရတာမလောက်လို့ အားလုံးကိုကျေးဇူးအကြီးကြီးတင်ပါတယ် ရှင်” လို့ရေးသားထားပါတယ်။ဒါ့အပြင် Channel 9 ကနေပြီးယခုည (၈) နာရီမှာထုတ်လွှင့်ပြသမဲ့ မြန်မာအိုင်ဒေါအစီအစဉ်ကိုကြည့်ရှူဖို့အတွက် ဖိတ်ခေါ်ထားပါသေးတယ်နော်။ ပရိသတ်တွေထဲမှာ ဆုန်ဆုန်လေးကို အားပေးမဲ့သူတွေရှိကြလား။

Read More »

သီလရှင်ဝတ်ပြီး သာသနာ့ဘောင်ထဲ ဝင်သွားတဲ့ မေဘရဏီသော်

သရုပ်ဆောင် မေဘရဏီသော်က ဒီနေ့နံနက်ပိုင်းမှာ သီလရှင်ဝတ်ခဲ့တာဖြစ်ပါတယ်။ သူမရဲ့ ပရိသတ်တွေကတော့ သာဓုခေါ်နေကြပါတယ်။သရုပ်ဆောင်မေဘရဏီသော်ကတော့ ဒီနေ့မှာ သူမဖြစ်ချင်တဲ့ စိတ်ကူးလေးကို အကောင်အ ထည် ဖော်နိုင်ခဲ့ပါပြီ။ သီလရှင်ဝတ်ပြီး သာသနာ့ဘောင်ထဲဝင်ဖို့ စိတ်ကူးခဲ့တာ (၂)နှစ်ပါးလောက် ရှိခဲ့ပြီး ဒီနေ့မှာမှ အကောင်အထည်ဖော်နိုင်ခဲ့တာ ဖြစ်ပါတယ်။မေဘရဏီသော်က ဒီနေ့(အောက်တိုဘာ ၁၀ရက်)နံ နက်ပိုင်းမှာ တော့ မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ သုဝဏ္ဏဘူမိ ခေမာရာမ သီလရှင်ကျောင်းမှာ သီလရှင်ဝတ်ခဲ့ပါတယ်။ သီတင်းကျွတ်ပိတ်ရက်အတွင်းမှာ သီလရှင်ဝတ်ဖြစ်ခဲ့တဲ့ အကြောင်းနဲ့ ပတ်သက်ပြီး မေဘရဏီသော်ရဲ့ မိခင်က ယခုလို ပြောပြခဲ့ပါတယ်။…

Read More »

အဆိုတော်ဖြိုးပြည့်စုံကို ဖမ်းဆီးမှုဟာ အာဏာပြချင်သလို ဖြစ်နေတဲ့အတွက် မကျေနပ်ကြောင်း ဖွင့်ဟလာတဲ့ အဆိုတော်ရဲနောင်( ရုပ်သံ )

အောက်တိုဘာလ ၇ ရက်နေ့မှာ ကတ်တမင်း အလေးချိန် ဝ.၄ ဂရမ်ရှိတဲ့ ဆေးပြား ၁၀ ပြား လက်ဝယ်တွေ့ရှိမှုနဲ့ ပတ်သတ်ပြီး အဆိုတော်ဖြိုးပြည့်စုံနှင့် အတူ တေးရေးဆရာ ၂ ဦး ဖမ်းဆီး ထိန်းသိမ်းခြင်းခံခဲ့ရပါတယ်။ အောက်တိုဘာလ ၉ ရက်နေ့မှာတော့ ဖမ်းဆီး ထိန်းသိမ်းခြင်းက ပြန်လည် လွတ်မြောက်ခဲ့ပါတယ်။ မှားယွင်း ဖမ်းဆီးခြင်း ဖြစ်တဲ့အတွက် ပြန်လည် လွတ်မြောက်လာတာဖြစ်ပါတယ်။ စတင် ဖမ်းဆီးကတည်းက ဖြိုးပြည့်စုံနဲ့ပတ်သတ်ပြီး ဝေဖန်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ထို့အတူ အနုပညာရှင်…

Read More »

ကိုယ်ပိုင်အနုပညာကြေးလေးနဲ့ ဘိုးဘွားတွေကို ကန်တော့ခဲ့ကာ ကျောက်စိမ်းနားကပ်လေး မုန့်ဖိုးအဖြစ်ပြန်ပြန်ရခဲ့တဲ့ သွန်းမြတ်ကြယ်စင်လေး

အခုဆိုရင် သီတင်းကျွတ်ရာသီအခါသမယကို ရောက်ရှိလာပါပြီနော်။ မြန်မာတို့ရဲ့ ဓလေ့ထုံးစံအတိုင်း အသက်အရွယ်ကြီးရင့်တဲ့သူတွေကို အသက်ငယ်သူတွေက သီတင်းကျွတ်အခါသမယမှာ လူကြီးမိဘတွေကို သွားရောက်ကန်တော့ကြတာဟာ မြန်မာလူမျိုးတွေမှာပဲရှိတဲ့ အလေ့အထလေးပါနော်။သီတင်းကျွတ် အခာသမယဓလေ့အတိုင်းပြုလုပ်ကြတဲ့အထဲမှာ မြန်မာနိုင်ငံရဲ့ အသက်အငယ်ဆုံး Miss လေးဖြစ်တဲ့ ချစ်စရာကောင်းလွန်းတဲ့ သမီးလေး သွန်းမြတ်ကြယ်စင် တစ်ယောက်အပါအဝင် ပါပဲနော်။ အသက်ငယ်ငယ်လေးနဲ့ Little Miss Supranational Myanmar သရဖူဆုကို အသက်( ၄) နှစ်အရွယ်လေးနဲ့ ဆွတ်ခူးရရှိထားတဲ့အပြင် ပရိသတ်တွေရဲ့ အချစ်ကို ပိုပိုရရှိနေတဲ့အချက်လေးကတော့ အသည်းယားစဖွယ် ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေနဲ့အတူTikTok…

Read More »