Month: January 2020

ရုပ်ရှင်ရိုက်ရင်း နမ္မတူဒေသကပြည်သူတွေကို စောင်နဲ့ အသုံးအဆောင်တွေလှူဒါန်းခဲ့တဲ့ နေတိုး

နိုင်ငံကျော် မင်းသားချောတစ်ယောက်ဖြစ်တဲ့ နေတိုးက သရုပ်ဆောင်ကောင်းပြီး ကျရာဇာတ်ရုပ်ကို တိတိကျကျ သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားတာ ဖြစ်ပါတယ်။ ရုပ်ရှင်ထဲမှာ ဇာတ်ရုပ်မျိုးစုံကို သရုပ်ဆောင်ပေမယ့် အပြင်မှာတော့ အနေအေးပြီး တည်ငြိမ်လွန်းတဲ့ နေတိုးက အနုပညာအသိုင်းအဝိုင်းကပါ ချစ်ကြတာ ဖြစ်ပါတယ်။ နေတိုးကလည်း အခုချိန်ထိ နာမည်ပျက်လုံးဝမရှိပဲ အောင်မြင်မှုကို ထိန်းသိမ်းထားနိုင်သူတစ်ယောက် ဖြစ်ပါတယ်။ နေတိုးက လက်ရှိမှာတော့ “ကောင်းကင်မရှိတဲ့ကြယ်” ရုပ်ရှင်ဇာတ်ကားကြီးမှာ သရုပ်ဆောင်ဖို့အတွက် ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်ရှိ နမ္မတူမြို့လေးကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ နေတိုးက…

Read More »

ချစ်သူများနေ့ကို ရွာသာကြီးစိတ်ကျန်းမာရေးဆေးရုံသွားမှာပါ ဆိုတဲ့ ဇာဇာထက်

Sexy မော်ဒယ်လ်တစ်ယောက်အနေနဲ့ အနုပညာလောကမှာအောင်မြင်မှုတွေရရှိနေတဲ့ ဇာဇာထက်ကတော့ ချစ်သူများနေ့ကို ရွာသာကြီးစိတ်ကျန်းမာရေးဆေးရုံသွားမယ့်အကြောင်းကို “မီဒီယာ-ချစ်သူများနေ့မဇာဘာအစီအစဉ်ရှိလဲ Me-ချစ်သူများနေ့ ရွာသာကြီးစိတ်ကျန်းမာရေးဆေးရုံသွားမှာ (ခပ်ချေချေပဲ) ကျောင်းကDiploma field trip ညကျရင် pool party မှာ သီချင်းဆိုဖို့ငှားထားတယ် ချောကလက်ကတော့ ကျောင်းကသူငယ်ချင်းတွေ ကျွေးရင်တော့စားရမှာပေါ့။ အင်္ကျီအဟောင်းလေးနဲ့ မီဒီယာတွေမရှိတော့ဘူး အထင်နဲ့သွားတာ တည့်တည့်တိုး မျက်နှာလေးက သနားကမားနဲ့” လို့ သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။ဇာဇာထက်ဟာ ရန်ကုန်တက္ကသိုလ်၌ အသုံးချစိတ်ပညာဖြင့် ၂၀၁၉ ခုတွင် ဒီပလိုမာဘွဲ့ရရှိခဲ့သူလည်းဖြစ်ပါတယ်။ ချစ်သူများနေ့မှာ ရွာသာကြီးစိတ်ကျန်းမာရေးဆေးရုံသွားမှာကတော့…

Read More »

တရုတ်တွေကို ဘာလို့ အဲ့လောက်တောင် အခွင့်ရေးပေးတာလဲလို့ မေးခွန်းထုတ်လာတဲ့ ယုန်လေး

အဆိုတော်တစ်ယောက်ဖြစ်တဲ့ ယုန်လေးဟာ နောက်ပိုင်းမှာ သရုပ်ဆောင်နဲ့ ဒါရိုက်တာအဖြစ် လုပ်ဆောင်ရင်း ပရိသတ် အားပေးမှုကို ရရှိနေသူတစ်ယောက် ဖြစ်ပါတယ်။ စိတ်ရင်းကောင်းပြီး ဘွင်းဘွင်းရှင်းရှင်းသာပြောတတ်တဲ့ ယုန်လေးက သူ့စိတ်ထဲမှာရှိတာကို ဟန်မဆောင်ပဲ ပြောတတ်သူတစ်ယောက် ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း ယုန်လေးက လက်ရှိဖြစ်ပွားနေတဲ့ ဝူဟန်ဗိုင်းရပ်စ်နဲ့ ပက်သတ်ပြီး အခုလိုပဲ ပြောလာပါတယ်။ ယုန်လေးက “ကာကွယ်ခြင်းက ကုသခြင်းထက်ပိုထိရောက်ပါတယ်။ Save ဖြစ်အောင်နေရာတိုင်း သတိရှိရှိနဲ့ စစ်ဆေးသင့်တာစစ်ဆေး တားသင့်တာတားရတာ. အပိုအလုပ်မှ မဟုတ်တာ။” “တရုတ်တွေကို ဘာလို့ အဲ့လောက်တွေ အခွင့်ရေးပေးတာလဲ။…

Read More »

အသက်(၂၅)နှစ်ပြည့်သွားပြီဖြစ်တဲ့ သရုပ်ဆောင်မင်းသားချေောလေးစည်သူဝင်း

ခေတ်မီတိုးတက်လာမှုနဲ့ ပွင့်လင်းမြင်သာစွာ ဖန်တီးတွေနဲ့ မြန်မာဇာတ်လမ်းတွဲတွေ အရှိန်ကောင်းလာတာနဲ့အမျှ ပရိသတ်တွေ သဘောကျဝန်းရံရမယ့် တက်သစ်စ အနုပညာရှင်တွေတော်တော်များများလည်း ပေါ်ထွက်လာပါတယ် ။ တချို့ကလည်း တက်သစ်စ သရုပ်ဆောင်တွေဆိုပေမယ့် တကယ်ကို အနုပညာဝမ်းစာနဲ့ ခံစားသက်ဝင်မှုကောင်းတဲ့ သရုပ်ဆောင် အသစ်တွေလည်းအများကြီး ပေါ်ထွက်လာခဲ့ပါတယ် ။ အဲ့ဒီထဲလို အနုပညာဝမ်းစာပြည့်ပြီး သရုပ်ဆောင်ကောင်းတဲ့ အသစ်တွေထဲမှာတော့ စည်သူဝင်းဆိုတဲ့ သရုပ်ဆောင်သစ် တစ်ယောက်လည်း အပါအဝင်ဖြစ်ပါတယ် ။ ဒီနေ့ဇန်နဝါရီလ(၃၁)ရက်နေ့ကတော့ စည်သူဝင်းရဲ့(၂၅)နှစ်ပြည့်သွားတဲ့ မွေးနေ့လေးဖြစ်ပါတယ်။ မွေ့နေ့လေးမှာတော့ စည်သူဝင်းက “Happy Birthday To…

Read More »

“မြမြကြောင့် သရဲကားလိုင်စင် သက်တမ်းတိုးသွားသလိုပဲခံစားရတယ်ဆိုတဲ့ ညိုမင်းလွင်”

၂၀၁၉ နှစ်လယ်ပိုင်းလောက်က အွန်လိုင်းပေါ်မှာ ဟိုးလေးတကျော်ကျော် ဖြစ်ခဲ့ကြတဲ့ မြမြ ဆိုတဲ့ စက်ရုံဝန်ထမ်းကောင်မလေးတစ်ယောက် အကြောင်းကို သိကြပြီးဖြစ်မှာပါ။ အဲ့ဒီ အကြောင်းကို သူများနဲ့ မတူတဲ့ တင်ဆက်မှုတွေနဲ့ ရုပ်ရှင်တွေကို တင်ဆက်ရိုက်ကူးလေ့ရှိတဲ့ ဒါရိုက်တာ ညိုမင်းလွင်ကတော့ ဒီအကြောင်းအရာကို အခြေခံပြီး ရုပ်ရှင်တစ်ခုဖန်တီးဖို့ သူကိုယ်တိုင် အွန်လိုင်းပေါ်မှာ ကြွေးကြော်ခဲ့တာကိုလည်း မိတ်ဆွေတွေ သိကြပြီးသားဖြစ်မှာပါ ။ ဒီဇာတ်ကား ရဲ့ အဓိက သရုပ်ဆောင်တွေကိုလည်း ဇာတ်ရုပ်နဲ့ လိုက်ဖက်မယ့်သူတွေကိုပဲ အဓိကထားရွေးချယ်ခဲ့ကြပါတယ်။ မနေ့က ဇန်နဝါရီလ (၃၀)ရက်နေ့…

Read More »

ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ သုံးဦး ဝေဘာဂီဆေးရုံသို့ ရောက်ရှိ

ကွမ်ကျိူးကနေ မင်္ဂလာဒုံလေဆိပ်ကို ဆိပ်ကပ်လာတဲ့ China Southern လေယာဉ်ပေါ်မှာ ဝူဟန်မြို့ကလာတဲ့ ခရီးသည်အသက်(၆၀)အရွယ် အမျိုးသားတစ်ဦးမှတဦးမှာ ကိုရိုနာဗိုင်းရပ်သံသယရှိတာကြောင့် စစ်ဆေးနေပါတယ်။ လေယာဉ်ပေါ်ပါလာတဲ့ ခရီးသည်တွေကိုလည်း လေဆိပ်ထဲကိုပေးမဆင်းသေးပါဘူး။ ကိုရိုနာဗိုင်းရပ်စ် သံသယရှိတဲ့ရောဂါလက္ခဏာတွေ့ရှိခဲ့တာကြောင့် စစ်ဆေးကုသမှုတွေဆောင်ရွက်နိုင်ရန် ဝေဘာဂီဆေးရုံကိုပို့ဆောင်ထားပါတယ်။ လူနာကိုေတာ့ သီးသန့်ဆောင်မှာထားထားတာဖြစ်ပြီး ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။ “ဟုတ်ပါတယ် လေယာဉ်က တရုတ်နိုင်ငံ ကွမ်ကျိုးမြို့ကဆိုက်တာ။ လူနာက အသက်(၆၀)အရွယ်အမျိုးသား ၊ သူက ဝူဟန်ကလို့ပြောတယ်။ လေယာဉ်ပေါ်မှာကတည်းက ချောင်းဆိုးတာတွေဘာတွေဖြစ်တယ်ပြောတယ်။ ဒီရောက်တော့ စစ်တော့လည်း သံသယရှိတာနဲ့ ဝေဘာဂီကို…

Read More »

ကျန်းမာရေးမှတာဝန်ရှိသူများ တစ်ရက် (၂) ကြိမ် virus အခြေအနေကြေညာပေးပါလို့  တောင်းဆိုလိုက်တဲ့ လွင်မိုး

နိုင်ငံကျော်သရုပ်ဆောင် မင်းသားကြီး လွင်မိုးကတော့ လတ်တလောမှာ ပြည့်သူတွေစိုးရိမ်နေကြတဲ့ ဝူဟန်မြို့မှာ စတင်ခဲ့တဲ့ ကိုရိုနာ ဗိုင်းရပ်စ်သံသယရှိနေတဲ့ လူနာ မြန်မာ့လေဆိပ်မှာတွေ့ရှိခဲ့ရတဲ့အပေါ်မှာ “ “တခွန်တည်းပြောမယ်” ကျန်းမာရေးမှတာဝန်ရှိသူများ တစ်ရက်(၂)ကြိမ်virusအခြေအနေကြေညာပေးပါ” လို့သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ တရုတ်နိုင်ငံ ဝူဟန်မြို့နယ်ကနေစတင်လာတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ တစ်ကမ္ဘာတစ်လွှမ်းကို တဖြည်းဖြည်းနဲ့ ကူးစက်လာခဲ့တာဖြစ်ပြီး ဇန်နဝါရီလ ၃၁ ရက်နေ့ဖြစ်တဲ့ ယနေ့ မနက်ပိုင်းက China Southern လေကြောင်းလိုင်းဖြင့် လိုက်ပါလာတဲ့ ဝူဟန်မြို့က တရုတ်အမျိုးသားမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးရှိနေတယ်လို့ သံသယရှိတာကြောင့် ဝေဘာဂီဆေးရုံသို့…

Read More »

ဝူဟန်ကပ်ဆိုးကြီးကို ခံစားနေရချိန်မှာ Mask ရောင်းချသူတွေကို အမြတ်ကြီးမစားပါနဲ့လို့ ပြောလာတဲ့ Sinon

တစ်ကမ္ဘာလုံးက စိုးရိမ်တကြီးဖြစ်နေကြတဲ့ ဝူဟန်ဗိုင်းရပ်စ်က အခုဆိုရင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး(WHO)ကတောင် နိုင်ငံတကာကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ ဒီနေ့မနက်ပိုင်းမှာလည်း ဝူဟန်ဗိုင်းရပ်စ် သံသယရှိသူတစ်ယောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ တွေ့ရှိခဲ့တာကြောင့် ပြည်သူတွေက ကြောက်ရွံ့နေကြပြီ ဖြစ်ပါတယ်။ Sinon Loresca ကတော့ မြန်မာပြည်သူတွေအနေနဲ့ မစိုးရိမ်ဖို့ကို အခုလိုပဲ ပြောထားပါတယ်။ “Coronavirus (ဝူဟန်ဗိုင်းရပ်စ်) ကတော့ နိုင်ငံအချို့မှာ အနီရောင်အဆင့်ထိ ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အနေနဲ့ ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ကြမယ်ဆိုရင် ကြောက်နေစရာမရှိပါဘူး။ ကျွန်တော်တို့ အားရှိစေမယ့် ဆေးဝါးတွေနဲ့…

Read More »

တရုတ်ပတ်စ်ပို့ကိုင်ထားသူအားလုံးကို ပြည်ဝင်ခွင့်ပိတ်ကြောင်း ကြေညာလိုက်တဲ့ စင်္ကာပူ

စင်္ကာပူနိုင်ငံဟာ ကိုရိုနာဗိုင်းရဗ်စ်ရောဂါပြန့်ပွားမူကို ထိန်းချုပ်တဲ့အနေနဲ့ တရုတ်ပတ်စ်ပို့ကိုင်ထားသူအားလုံးကို ပြည်ဝင်ခွင့်ပိတ်ပင်လိုက်ပြီလို့ ဒီကနေ့ ညနေမှာကြေညာလိုက်ပါတယ်။ လောလောဆယ် စင်္ကာပူနိုင်ငံမှာ ကိုရိုနာဗိုင်းရဗ်စ်ကူးစက်ခံရသူ ၁၃ ဦးအထိရှိနေပြီဖြစ်ပြီး အထူးကူသဆောင်မှာ ကြပ်မတ်ကုသနေသလို အခြားသံသယရှှိတဲ့တဲ့လူတွေကိုလဲစောင့်ကြည့်နေတယ်လို့သိရပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO ကလဲ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြာသပတေးနေ့မှာ ကြေညာထားပါတယ်။ဒီလို ကြေညာလိုက်တာကြောင့် ကိုရိုနာဗိုင်းရပ်စ်အရေးကို ကိုင်တွယ်ဖြေရှင်းရာမှာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုမြင့်မားလာစေနိုင်မှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ် အဆိုးဆုံး ပျံ့နှံ့ဖြစ်ပွားရာ ဟူဘေးပြည်နယ်မှာဆိုရင် သောကြာနေ့မှာ နောက်ထပ် လူ ၄၂…

Read More »

အက်ရှင်ဇာတ်ကားတွေ အကယ်ဒမီမပေးလည်း ဆက်ရိုက်နေဦးမယ်ဆိုတဲ့  ယုန်လေး

အကယ်ဒမီပေးပွဲအပေါ် သူ့ရင်ထဲက စကားတွေ ရင်ဖွင့်လာပါတယ်။ယုန်လေးကတော့ သူရိုက်ထားတဲ့ အက်ရှင်ဇာတ်ကားတွေဟာ အကယ်ဒမီမပေးလည်း ဆက်ရိုက်နေဦးမှာပဲလို့ ဆိုပါတယ်။ အကယ်ဒမီ ပေးပွဲက ဘက်လိုက်တယ်လို့လည်း သူ့ရင်ထဲကအတိုင်း ဝေဖန်ပြောပြလာတာ တွေ့ရပါတယ်။ ယုန်လေးကတော့ ၂၀၁၉ ခုနှစ်အတွင်းမှာ သူကိုယ်တိုင် ဒါရိုက်တာလုပ်ပြီးရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေ အများကြီးရှိခဲ့ပါတယ်။ ဒါပေမယ့် အကယ်ဒမီဆန်ခါတင်စာရင်းမှာ မပါဝင်လာတဲ့အပေါ် သူ့ရင်ထဲက စကားတွေကို အင်တာဗျူးတွေကနေတဆင့် ပြောပြခဲ့ပါတယ်။ မျှော်လင့်ချက် မရှိပေမယ့်လည်း ရင်ခုန်တာလေးတော့ဖြစ်တာပေါ့နော်။ ကိုယ့်ကားလေးများ ပါမလားပေါ့ ဒါတောင် ၃ ကား၊ ၄…

Read More »