ရွှေဖူးစာဆိုတဲ့ အချစ်ဟာသဇာတ်ကားကြီးမှာ မြင်တွေ့ရတော့မယ့် ပိုင်တံခွန်နဲ့ဖွေးဖွေး

(၂၀၂၀)ခုနှစ်မှာ ပရိသတ်တွေစိတ်ဝင်စားမယ့် ဇာတ်ကားကောင်းတစ်ခုထပ်မံထွက်ရှိလာဦးမှာပါ။အကယ်ဒမီ(၃)ဆုရှင်ဖွေးဖွေးနဲ့အတူ ပရိသတ်အချစ်တော်မင်းသားချောလေးပိုင်တံခွန်၊ယွန်းဝတီလွင်မိုးနဲ့ကောင်းမြတ်စံတို့ပါဝင်မှာပါ။ဒီဇာတ်ကားနာမည်ကတော့ ရွှေဖူးစာဖြစ်ပါတယ်။

ပရိသတ်အချစ်တော်ဖွေးဖွေးကတော့ ရုပ်ရှင်ကာရိုက်တာကြောင့် ဆံပင်အရှေ့ကို ညှပ်ထားတဲ့အကြောင်းက လူပြောများသလို ဒီဇာတ်ကားမှာဆိုရင်လည်း ဒီဆံပင်စတိုင်နဲ့ပဲ ပါဝင်သရုပ်ဆောင်ဦးမှာပါ။ ဒီဇာတ်ကားဟာတောရွာကို အခြေခံထားတဲ့ဇာတ်ကားလေးဖြစ်သလို ဖွေးဖွေးကို ဟာသဆန်ဆန်ဇာတ်ရုပ်လေးနဲ့လည်း တမူထူးခြားပြီးမြင်တွေ့ရဦးမှာပါ။ဒါ့အပြင် မင်းသားချောပိုင်တံခွန်ကတော့ မြို့သားလေးအဖြစ် သရုပ်ဆောင်မှာဖြစ်ပါတယ်။

Flower

ထူးထူးခြားခြားအနေနဲ့ကတော့ ယွန်းဝတီလွင်မိုးကို ပထမဆုံးအနေနဲ့ ဒီရုပ်ရှင်ဇာတက်ားကြီးမှာမြင်တွေ့ခွင့်ရမှာပါ။ဒါ့အပြင် MRTV-4 မင်းသားချောလေး ကောင်းမြတ်စံလည်း ပါဝင်ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားကတော့ စာရေးဆရာမကြီးပုညခင်ရဲ့ဝတ္ထုကို ဒါရိုက်တာပွင့်သိဂီင်္ဇော်က ပုံဖော်ရိုက်ကူးတာဖြစ်ပါတယ်။

Flower

You May Also Like

About the Author: hanminhtet