ဦးဝှေ့ တင်းကို ဒီကနေ့ ပြန်လွှတ်ပေးမယ်လို့ အေအေ ပြော

ရက္ခိုင့်တပ်တော်(အေအေ) ကဖမ်းဆီးထားတဲ့ ချင်းပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းကို ပြန်လွှတ်ပေးဖို့ စီစဉ်နေတယ်လို့ အေအေပြောခွင့်ရ ခိုင်သုခက ဘီဘီစီ ကိုအတည်ပြုပြောဆိုထားတယ်လို့ သိရပါတယ်။ဒီကနေ့ လွတ်ပေးဖို့ ရှိသလို ကြေညာချက်လည်း ထုတ်ဖို့ အစီအစဉ်ရှိတယ်။’’ လို့ ဦးဝှေ့တင်းကို ပြန်လွှတ်ပေးမယ်ဆိုတဲ့မေးမြန်းမှုအပေါ် ခိုင်သုခကပြန်လည်ပြောဆိုပါတယ်။

ဦးဝှေ့တင်းနဲ့အတူ ကျောင်းဆရာတစ်ဦးကိုလည်း လွှတ်ပေးဖို့ရှိတယ်လို့လည်း သိရပါတယ်။ အသေးစိတ်ကိုတော့ အေအေရဲ့ တရားဝင်ထုတ်ပြန်ချက်ထုတ်တဲ့အခါမှ သိရမယ်လို့လည်း သူကပြောပါ တယ်။ရခိုင်တပ်ဖွဲ့(AA)က ဖမ်းဆီးထားသည့် ဦးဝှေ့တင်းကို ပြန်လည် လွတ်မြောက်ရေး “ဝ”အဖွဲ့(UWSA) ဦးဆောင် သည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC)မှ ကြားဝင်ဖြေရှင်းပေးရန် ဦးဝှေ့တင်း မိသားစုက စာပို့၍ အကူအညီ တောင်းခဲ့ကြောင်းလည်း သိရသည်။

Flower

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အေအေကဖမ်းမိထားတဲ့ မြန်မာ့တပ်မတော်က အသက်ကြီးရင့်သူ ၂ဦးကို ပြန်လွှတ်ပေးသွားဖို့ရှိတယ်လို့လည်း ထုတ်ပြန်ထားပြီး၊ ဇန်နဝါရီ ၂၁ ရက်နေ့ နေ့လယ်အထိတော့ ပြန်လွှတ်ပေးခြင်းမရှိသေးပါဘူး။

You May Also Like

About the Author: hanminhtet