အချစ်ရဆုံးသူအတွက်တော့ ကိုယ်ဟာ အနှိုင်းမယ့်သူရဲကောင်းပါဆိုတဲ့ အိမ့်ချစ်

တေးသံရှင်ချစ်ကောင်းရဲ့ သမီးဖြစ်သလို အသံချိုချိုအေးအေးလေးနဲ့ အချစ်သီချင်းတွေ သီဆိုတတ်တဲ့ အိမ့်ချစ်ကတော့ ပရိသတ်တွေချစ်ခင်အားပေးနေရတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ် ။ သူမရဲ့ အချစ်ရေးကတော့ ပရိသတ်တွေအားလုံး အားကျနေရတဲ့ အချစ်ရေးလေးကိုပိုင်ဆိုင်ခွင့်ရထားတာလည်းဖြစ်ပါတယ် ။

ချစ်သူနဲ့မကြာခင်ရွှေလက်တွဲတော့မယ့် အိမ့်ချစ်ကတော့ ချစ်ရတဲ့မိသားစုနဲ့ ချစ်ရတဲ့ချစ်သူနဲ့အတူ ပျော်ပျော်ရွှင်ရွင်ရှိနေတာပါ ။ ဘာသာရေးအရမ်းလုပ်သလို သူမရဲ့ခံစားချက်လေးတွေကို လူမှုကွန်ရက်စာမျက်နှာမှာ ရင်ဖွင့်နေကြဖြစ်တဲ့ အိမ့်ချစ်ကတော့ လတ်တလောမှာ တစ်စုံတစ်ယောက်ရဲ့ဘဝတစ်ဆစ်ချိုးမှာတော့ သင်ဟာ လူယုတ်မာတစ်ဦးပါပဲ ။ ဒါပေမယ့် အချစ်ဆုံးသူ တစ်ယောက်အတွက်တော့သင်ဟာ အနှိုင်းမဲ့ သူရဲကောင်းပါ ဆိုတဲ့ စာသားလေးကို သူမရဲ့မိုင်ဒေးမှာ ရေးသားဖော်ပြထား တာတွေ့ ရပါတယ် ။

အိမ့်ချစ်ကတော့ သူမရဲ့ချစ်သူအတွက်တော့ အနှိုင်းမဲ့သူရဲကောင်းဖြစ်ခဲ့မယ်ထင်ပါတယ်ပရိသတ်ကြီးရေ ..။ ပရိသတ်ကြီးရော ဘယ်သူတွေရဲ့ဘဝမှာ လူယုတ်မာဖြစ်ပြီး ဘယ်သူတွေရဲ့ အနှိုင်းမဲ့သူရဲကောင်းဖြစ်ခဲ့ဖူးပြီလဲ မှတ်ချက်ပေးခဲ့ပါဦးနော်။

You May Also Like

About the Author: hanminhtet

Leave a Reply

Your email address will not be published. Required fields are marked *