သေသည်အထိ သူငယ်ချင်း(၄)ဦးက အဓမ္မကျင့်တာကို ခံခဲ့ရတဲ့ကောင်မလေး

အသက် (၁၇)နှစ် အရွယ် ဘိုလစ်ဗီယားနိုင်ငံသူလေးတစ်ဦးဟာ သူငယ်ချင်းကောင်လေး (၄) ဦးက အဓမ္မကျင့်တာကို ခံခဲ့ရကြောင်း သိရပါတယ်။ အဆိုပါ ကောင်မလေးအမည်ကတော့ Jhoselin Monica Calani ဖြစ်ကြောင်း The Sun က ဖော်ပြထားပါတယ်။သူမဟာ Oruro မြို့မှာ သူငယ်ချင်းတွေနဲ့ သောက်စားစဉ်၊ လူမှန်းသူမှန်းမသိအောင် မူးနေချိန်မှာ သူမရဲ့ သူငယ်ချင်း (၄) ဦးက အဓမ္မဝိုင်းကျင့်တာကို ခံခဲ့ရပါတယ်။

ဆိုးဆိုးရွားရွား အဓမ္မကျင့်ခံလိုက်ရလို့ Monica ဟာ ဆေးရုံမှာ သတိလစ်လျှက်အနေအထားနဲ့ (၂)ရက်ကြာ ကုသခဲ့ရပေမယ့်၊ ဒေါက်တာတွေက သူမရဲ့အသက်ကို မကယ်နိုင်ခဲ့ပါဘူး။ ဒီအဖြစ်အပျက်ဟာ ယမန်နှစ်က ဖြစ်ခဲ့တဲ့အဖြစ်အပျက်ဆိုသော်လည်း၊ အမှုကြားနာမှုက အခုအချိန်ထိ မပြီးပြတ်သေးပါဘူး။Monica ဟာ သူမတို့ သောက်စားခဲ့တဲ့အိမ်မှာ တစ်ယောက်တည်း ချန်ထားခံခဲ့ရပါတယ်။

အဓမ္မကျင့်တဲ့လူတွေကတော့ သူမရဲ့ သူငယ်ချင်းအရင်းခေါက်ခေါက်တွေ ဖြစ်ကြပါတယ်။ အသက်(၁၆)နှစ်နဲ့ (၁၇)နှစ် အသီးသီးသာ ရှိကြသေးပြီး၊ အားလုံးကို မကြာမီမှာ ဖမ်းဆီးနိုင်ခဲ့ပါတယ်။တစ်ချို့ကလည်း Monica ဟာ အိပ်ဆေးခပ်ပြီး အဓမ္မကျင့်တာကို ခံခဲ့ရတာလို့ ဆိုနေကြပေမယ့်၊ သေမှုသေခင်းအဖွဲ့ကတော့ ဒါကို အတည်ပြုထားခြင်း မရှိပါဘူး။ ပြစ်မှုကျူးလွန်တဲ့ တရားခံတွေကတော့ အသက်အရွယ်အရ ငယ်ကြသော်လည်း၊ ထောင်နှစ်(၃၀)အထိ ကျခံရနိုင်ပါတယ်။

You May Also Like

About the Author: hanminhtet

Leave a Reply

Your email address will not be published. Required fields are marked *