သူမရဲ့ ဘဝမှာ ချစ်ရတဲ့သူတွေရှိဖို့အတွက် ပိုက်ဆံတွေကို ကြိုးစားပြီရှာရအုံးမယ်ဆိုတဲ့ မယ်လိုဒီ

ကလေးအမေလို မထင်ရလောက်အောင် တစ်နေ့တစ်ခြားချောမောလှပလွန်းလာတဲ့ နာမည်ကျော် မင်းသမီး တစ်လတ်ဖြစ်တဲ့ မယ်လိုဒီနဲ့ ပရိသတ်တွေကို အထူးတလည် မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ မယ်လိုဒီကတော့ ဇာတ်ကားတိုင်းရဲ့ ကာရိုက်တာပီပြင်အောင်သရုပ်ဆောင်နိုင်ခဲ့တာတွေကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို အခုချိန်ထိရရှိနေတဲ့ သူတစ်ဦးဆိုလည်း မမှားလောက်ပါဘူးနော်။ သူမဟာဆိုရင် ချစ်စရာကောင်းလွန်းတဲ့ သားလေးနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။

သူမရဲ့ သားနဲ့ အမှတ်တရပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိတာကြောင့် ပရိသတ်တွေကလည်း သိဒ္ဓိစစ်လေးကို ချစ်ခင်တဲ့သူတွေပိုများလာတာကို တွေ့ရမှာပါပဲနော်။ ဒီနေ့မှာတော့ မယ်လိုဒီက”ပိုက်ဆံသုံးတတ်ရုံမရဘူး ရှာတတ်ရတယ်၊ရှာတတ်ရုံ မလုံလောက်ဘူး စုတတ်ရတယ်၊အချစ်မရှိလို့မဖြစ်ဘူး ရှိသင့်တယ်၊ချစ်ချင်ရုံ မရဘူး ချစ်တတ်ဖို့လိုတယ်၊ချစ်တတ်ရုံမရဘူး လက်တွေ့ကျကျချစ်တတ်ရတယ်၊ဘဝအမြဲတမ်းတော့ အဆိုးတွေဘဲ ကြုံမနေဘူး၊အကောင်းတွေအများကြီး ကြုံနိုင်တယ်၊အကောင်းတွေကြုံဖို့ စိတ်ကောင်းကောင်းထားကြိုးစားဖို့လိုတယ်၊ဘဝမှာအချစ်ရှိဖို့လိုသလို ပိုက်ဆံရှိဖို့လဲလိုတယ်၊ခေးမေတော့ ကြိုးစားနေပါတယ်။

(၇)ရက်သားသမီးအားလုံး သက်ရှည် ကျန်းမာ စိတ်ချမ်းသာ ကောင်းကျိုးလိုရာဆန္ဒ ပြည့်စုံကြပါစေရှင်”လို့ဆိုကာ သူမရဲ့ သားအတွက် အကောင်းဆုံးကြိုးစားလျက်ရှိကြောင်းကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်။ ပရိသတ်ကြီးကလည်း မယ်လိုဒီကို အားပေးချစ်ခင်တယ်ဆိုရင် မှတ်ချက်လေးတစ်ခုလောက်ရေးပေးခဲ့ကြပါအုံးနော်။

You May Also Like

About the Author: hanminhtet

Leave a Reply

Your email address will not be published. Required fields are marked *