သူတို့ဇနီးမောင်နှံ ရဲ့ ချစ်သက်တမ်း နှစ်(၂၀)ပြည့် ဖြစ်ကြောင်း ရိုမန့်တစ်ဆန်ဆန်ပြောလာတဲ့ ဇဏ်ခီ

ရုပ်ရှင်ဇာတ်ကား ၂ကားနဲ့ မြန်မာပရိသတ်တွေ ရဲ့ တစ်ခဲနက်အားပေးခြင်း ခံခဲ့ရတဲ့သရုပ်ဆောင် ဇဏ်ခီ နဲ့ ဒါရိုက်တာ ခရစ္စတီးနားခီ ဇနီးမောင်နှံ တို့ဟာ ဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ အနုပညာရှင်တွေပါ။ သူတို့ရဲ့ ရုပ်ရှင်ဇာတ်ကား ၂ ကားဖြစ်တဲ့ ဥပါယ်တံမျဉ် ရုပ်ရှင် ဇာတ်ကား နဲ့ မုဒြာခေါ်သံ နဲ့ ထာဝရ နှောင်ကြိုး ရုပ်ရှင် ဇာတ်ကားတွေက ပရိသတ်တွေကြားမှာ အရမ်းကို နာမည်ကြီးခဲ့တာပဲ ဖြစ်ပါတယ်။


ဇဏ်ခီ နဲ့ ခရစ္စတီးနားခီ တို့ဇနီးမောင်နှံ က တစ်ယောက်ကို တစ်ယောက်လေးစား တန်ဖိုးထားကြတဲ့ ဇနီးမောင်နှံ ဆိုတာ ပရိသတ်တွေ သိလောက်မယ်ထင်ပါတယ်။ ဒီနေ့လေးကတော့ အနုပညာအလုပ်ကို အတူလုပ်ပြီး ဇာတ်ကားကောင်း တွေဖန်တီးနေကြတဲ့ သူတို့ ဇနီးမောင်နှံ နှစ်ဦးရဲ့ ချစ်သက်တမ်း နှစ် ၂၀ ပြည့်ကို ရောက်ရှိလာခဲ့ပါပြီ။


ဇဏ်ခီ က ” မင်းနဲ့ ပထမဆုံး တွေ့တဲ့အချိန်တုန်းက ကိုယ်က လေလွင့်နေခဲ့တယ်။ မင်းက ကိုယ့်ကို လက်တွဲခဲ့ပြီး ချစ်ခြင်းမေတ္တာတွေပေးခဲ့တယ်နော်။ အဲဒီနောက်ပြီး မင်းရဲ့ဒဏ်ရာတွေကို ကိုယ်လည်း ရှာတွေ့ခဲ့ပြီး ကိုယ့်နှလုံးသားကို ပေးအပ်ခဲ့တာမလား။ ဒီလိုနဲ့ပဲ နှစ် (၂၀) ဆိုတဲ့ကာလကို ကုန်ဆုံးသွားခဲ့ပြီ။ ဒီနေ့မှာတော့ ကိုယ်ဟာ မင်းဘေးနားမှာရှိနေပြီး မင်းဟာလည်း ကိုယ့်ရဲ့နှလုံးသားထဲမှာ နေရာယူထားခဲ့တယ်။ ဒါက အပေါ်ယံမဟုတ်ပါဘူး။ ကိုယ်တို့နှစ်ယောက်ရဲ့ ခရီးလမ်းဟာ ဘယ်တုန်းကမှ ဘယ်လိုနည်းနဲ့မှ မချောမွေ့ခဲ့ဘူးဆိုတာ ကိုယ်တို့ ကောင်းကောင်းသိခဲ့တယ်။ အရာအားလုံးကို အစက ပြန်စရမယ်ဆိုရင်လည်း ကိုယ့်နှလုံးသားထဲမှာ မင်းပဲ နေရာယူလိမ့်မယ် Mrs.Kyi။ ဒီနေ့ကတော့ ကိုယ်တို့နှစ်ယောက်ရဲ့ နှစ် (၂၀) ပြည့် နှစ်ပတ်လည်လေးပါ။ မင်းနဲ့အတူ နောက်ထပ် နှစ် (၂၀) ဖြစ်ဖြစ်၊ အဲဒီထက်ပိုတဲ့နှစ်ပေါင်းများစွာ ဖြတ်သန်းဖို့ ရိုမန့်တစ်ဆန်ဆန် ပြောထားပါတယ်။

Flower
Flower

You May Also Like

About the Author: hanminhtet