သားလေးအတွက် မုန့်ပို့ပေးတဲ့ ပရိသတ်တွေကို ထပ်မပို့ဖို့ တောင်းပန်ထားရတယ်ဆိုတဲ့ ကိုကိုဦး

ကျရာဇာတ်ရုက်တွေကို အနုပညာလောကမှာ အကျွမ်းကျင်ဆုံးနဲ့ ပီပြင်ပိုင်နိုင်စွာ သရုပ်ဆောင်ကောင်းမှုတွေကြောင့် ပရိသတ်တွေရဲ့ အမုန်းကိုတောင် ရရှိခဲ့ကြတဲ့ ဇာတ်ပို့သရုပ်ဆောင် လူကြမ်းအနုပညာရှင်တွေထဲမှာ ကိုကိုဦးကလည်း အပါအဝင်ပါပဲနော်..။ ဆယ်စုနှစ်တွေကတကည်းက ဇာတ်ကားပေါင်းများစွာ ရိုက်ကူးလာပြီး ယနေ့အချိန်ထိ အနုပညာအလုပ်တွေ လုပ်ဆောင်နေတဲ့ ကိုကိုဦးကတော့ ပရိသတ်တွေနဲ့ရင်းနှီးကျွမ်းဝင်သလို သားလေးကြောင့်လည်း ပရိသတ်တွေရဲ့အချစ်တွေကို ပိုပိုပြီး ရရှိခဲ့ပါတယ်နော။

ကိုကိုဦးကတော့ သားလေးရဲ့ အနုပညာအလုပ်တွေကို ဖေးမကူညီပေးနေရင်း သားလေးရဲ့ အနုပညာလှုပ်ရှားမှုအကြောင်းလေးတွေနဲ့ သားလေးအတွက် ပရိသတ်တွေက မုန့်တွေ ပို့ပေးကြတဲ့အကြောင်းနဲ့ ပတ်သက်ပြီးတော့လည်း ပြောပြလာပါတယ်..။ အခုလို Covid ဖြစ်နေတဲ့အချိန်မှာ ချယ်ရီသင်းက MTV ရိုက်ဖို့ ကမ်းလှမ်းလာလို့ဝမ်းသာရတဲ့အကြောင်းလေးအပြင် သားလေးအတွက် မုန့်တွေ ပို့ပေးကြတဲ့ ပရိသတ်တွေကို မုန့်တွေ မပိူ့ကြဖို့ တောင်းပန်ထားရတဲ့အကြောင်းလေးတွေကို ပြောပြထားတာပါ..။ “ပရိသတ်တွေက သားလေးကို မုန့်တွေပို့ကြတဲ့အပေါ်မှာလည်း မပို့ပါနဲ့လို့တောင်းပန်ရတယ် စားလို့ မကုန်ဘူး ပြီးတော့ အခုလိုအချိန် လူတိုင်းက ငွေရေးကြေးရေးက ဘယ်လိုမှ ရှာလို့မလွယ်တော့ ကလေးတွေကိုလည်း သူတို့ပိုက်ဆံကို နှမျောတယ်။

အဲ့တော့ မပို့ပါနဲ့လို့ တောင်းပန်ရတယ်” ဆိုပြီး ကိုကိုဦးက ပြောပြထားတာ ဖြစ်ပါတယ်နော်။ အနုပညာအလုပ်တွေနဲ့ ပတ်သက်ပြီးတော့လည်း သားလေးက အနုပညာမှာ သရုပ်ဆောင်မော်လ်ဒယ်တစ်ယောက်ဖြစ်တဲ့အတွက် သူကကျရာကာရိုက်တာမှာ သရုပ်ဆောင်ရတာမို့ အဲ့လိုသရုပ်ဆောင်ရတဲ့အပေါ်မှာမှ အထင်မှား အမြင်မှားလေးတွေရှိရင် ခွင့်လွှတ်ပေးပါ ဆိုပြီတော့ ပြောပြထားတဲ့ ကိုကိုဦးရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်။

You May Also Like

About the Author: hanminhtet

Leave a Reply

Your email address will not be published. Required fields are marked *