ဝါရင့်အဆိုတော်ကြီးတွေ နဲ့ အတူ သီဆိုဖျော်ဖြေခဲ့ရလို့  ဂုဏ်ယူပျော်ရွှင်နေတဲ့ အေးမြဖြူ

ပရိသတ်တွေရဲ့ အချစ်တော်အေးမြဖြူကတော့ ငယ်စဉ်ကတည်းက အနုပညာလောကနဲ့ မစိမ်းခဲ့တာကြောင့် ပရိသတ်တွေကို အထူးတလည် မိတ်ဆက်ပေးစရာမလိုလောက်တော့ဘူး ထင်ပါတယ်။ပြီးခဲ့တဲ့ လအနည်းငယ်လောက်ကကျင်းပခဲ့တဲ့ Myanmar Idol Season (4)ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Winner ဆုကြီးကို မရရှိခဲ့ပေမဲ့လည်း ပရိသတ်တွေရဲ့ ရင်ထဲက ပေးအပ်တဲ့ Winnerဆုကြီးကိုတော့ ရရှိထားခဲ့ပါတယ်။

အေးမြဖြူကတော့ ပြိုင်ပွဲကြီးမပြီးဆုံးခင်ကတည်းက ဖျော်ဖြေရေးပွဲတွေကို ဖျော်ဖြေပေးဖို့ ဖိတ်ကြားမှုတွေကိုတောင်ရရှိထားတဲ့ အထိအောင်မြင်မှုတွေရရှိခဲ့တာဖြစ်ပြီး လက်ရှိမှာလည်း နေ့တိုင်းနီးပါးလိုလိုကို ဖျော်ဖြေပွဲတွေကိုဖျော်ဖြေပေးနေရတယ်လို့လည်းသိရှိပါတယ်။ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှာ ပထမနှစ်ကိုတက်ရောက်နေတာဖြစ်ပြီး ကျောင်းဖွင့်တဲ့နေ့တွေမှာတောင် ညဘက်တွေမှာ ဖျော်ဖြေရေးပွဲတွေ ဖျော်ဖြေပေးရတဲ့ အထိကို ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိထားတာပါ။

Flower

ဆက်တိုက်ကို အောင်မြင်မှုတွေရရှိနေတဲ့ အေးမြဖြူလေးဟာ မနေ့ညက ကျင်းပပြုလုပ်တဲ့ “(၂၀၂၀)ပြည့်နှစ် နှစ်သစ်ကူးတရားအလှူတော် အောင်မြင်စွာကျင်းပပြီးစီးခြင်း အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲ အခမ်းအနား”မှာ ဝါရင့် အဆိုတော်ကြီးတွေဖြစ်တဲ့ တင်တင်မြ၊ ချိုပြုံး၊ ရန်အောင် တို့အပြင် တခြားအနုပညာရှင်တွေနဲ့ အတူတူ သီဆိုဖျော်ဖြေခဲ့ရပါတယ်။ပရိသတ်ကြီးရေ မိုးသိုလေးကတော့ အခုလို လေးစားအားကျရတဲ့ ဝါရင့် အနုပညာရှင်တွေနဲ့ အတူသီဆိုဖျော်ဖြေခဲ့ရတဲ့ အတွက် ဂုဏ်ယူပျော်ရွှင်နေပါတယ်နော်။

You May Also Like

About the Author: hanminhtet