လူကြမ်းသရုပ်ဆောင်ကြီး ဦးအောင်စည်ရဲ့ ဆေးဝါးခနဲ့ စားဝတ်နေရေးအတွက် ကူညီကြဖို့ အလှူ ခံပေးခဲ့တဲ့ ဝေဠုကျော်

ဝေဠုကျော် ကတော့ အရင်ဗီဒီယို ခေတ်ကာလက အနုပညာလောကမှာ လူကြီး လူငယ်မရွေး သဘောကျကြအားပေးချစ်ခင်ခဲ့ရတဲ့ နိုင်ငံကျော်ဝါရင့်သရုပ်ဆောင်မင်းသားကြီးပဲဖြစ်ပါတယ်။ ယနေ့အချိန်ထိလည်း ပရိသတ်တွေရဲ့ ရင်ထဲမှာ နေရာတစ်နေရာကို အခိုင်အမာရပ်တည်ထားနိုင်ခဲ့တဲ့ သူပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ အနုပညာအလုပ်တွေကိုအရင်ကထပ်မလုပ်တော့ပေးမယ့် ဖြည်းဖြည်းမှန်မှန်နဲ့သာလုပ်ကိုင်နေတာလည်းတွေ့ရပါတယ်။ ဒါ့အပြင် ဝေဠုကျော်ကတော့ လူမှုရေးအကျိုးပြု ပရဟိတ လုပ်ငန်းတွေကိုလည်း ကိုယ်ကျိုးမငဲ့ပဲ ကိုယ်တိုင်ပါဝင်လုပ်ကိုင်ပေးနေတဲ့ လေးစားဖွယ်အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။

ယခုမှာဆိုရင်လည်း   ဝေဠုကျော် ကတော့ ကပ်ရောဂါတိုက်ဖျက်ရေး အချိန်ကာလအတွင်း အသည်းမှာကျောက်တည်လို့ ဆေးရုံတက်နေရတဲ့ ဝါရင့်လူကြမ်းသရုပ်ဆောင်ကြီးဖြစ်တဲ့ အသက် ၇၃ နှစ်အရွယ် ဦးအောင်စည် ရဲ့ လိုအပ်တဲ့ အကူညီတွေရရှိဖို့အတွက် တက်နိုင်သလောက် ထည့်ဝင်လှူဒါန်းပေးအတွက်စေတနာရှင်တွေကိုအလှူခံထားခဲ့ပါတယ်။

သူ့ရဲ့ဝေဠုကျော် ဖောင်ဒေးရှင်း page မှာတော့ “တချိန်က လူကြမ်းသရုပ်ဆောင် အောင်စည်..အခုတော့ အသက်၇၃ နှစ်ရှိပြီဖြစ်သည့် ဦးအောင်စည်..ကပ်ရောဂါကာလမှာ အသည်းမှာ ကျောက်တည်လို့သန်လျင်ဆေးရုံမှာ တက်ပြီး ခွဲထုတ်ရပါတယ်။စားဝတ်နေရေး မပြေလည်တော့ ဆေးဝါးတွေဝယ်ဖို့ ပိုနေသူက လိုနေသူထံသို့ 5000/10000ကအစ ထည့်ဝင် ကူပေး လှူပေးကြဖို့ အလှူခံတင်ပါရစေ” ဆိုပြီး ရေးသားထားပါတယ်။ ဒါ့အပြင် လှူဒါန်းပေးချင်တဲ့ စေတနာရှင်တို့အတွက်လည်း သူ့ရဲ့ ဝေဠုကျော်ဖောင်ဒေးရှင်း page မှာ ဖော်ပြပေးထားပါတယ်နော်။

You May Also Like

About the Author: hanminhtet

Leave a Reply

Your email address will not be published. Required fields are marked *