လမ်းဘေးကအမျိုးသမီးကို ပန်းစည်းလေးပေးပြီး ကြင်နာမှုပြသခဲ့တဲ့ Sinon Loresca

ဖိလစ်ပိုင် လူမျိုး မော်ဒယ် Sinon Loresa တစ်ယောက်ဟာဆိုရင် မြန်မာပြည်ကို အထူးမြတ်နိုးသူတစ်ဦးဖြစ်ပြီးတော့ ယခုဆိုရင် မြန်မာနိုင်ငံကို ဒုတိယအကြိမ်မြောက် လာရောက်လည်ပတ်နေတာပဲ ဖြစ်ပါတယ်။ သူဟာဆိုရင် Catwalk King လို့လူသိများတာ ဖြစ်ပြီးတော့ ကမ္ဘာ့ကလည်း သိတဲ့ အောင်မြင်သူတစ်ဦးပဲဖြစ်ပါတယ်။

သူဟာပထမအကြိမ် မြန်မာနိုင်ငံကို လာရောက်လည်ပတ်ပြီးတော့ သိပ်မကြာခင်မှာပဲ မြန်မာနိုင်ငံကို လွမ်းလို့ဆိုပြီး ဒုတိယအကြိမ်မြောက်ပြန်လာခဲ့သူလည်း ဖြစ်ပါတယ်။ သူဟာဆိုရင် နူးညံ့တဲ့နှလုံးသား ရှိသူဖြစ်ပြီးတော့ သဒ္ဓါတရားလည်း ထက်သန်လှသူဖြစ်ပါတယ်။ လာရောက်လည်ပတ်စဉ်ကပင် အလှူအတန်းများကို ပြုလုပ်လေ့ရှိပြီးတော့ အိမ်ယာမဲ့တွေ၊ မိဘမဲံတွေ၊ မျက်မမြင်ကျောင်ေးတွနဲ့ ကလေးငယ်တွေ၊ အလုပ်လက်မဲ့ လမ်းဘေးနေသူတွေကို ဖေးမကူညီလှူတန်းခဲ့တာပဲ ဖြစ်ပါတယ်။ဒီအတွက်လည်း မြန်မာနိုင်ငံသားတွေက သူ့ကိုပိုလို့ချစ်ခင်မြတ်နိုးလာကြတာပဲ ဖြစ်ပါတယ်။

Flower

အခုလည်း လမ်းဘေး က အိမ်ယာမဲ့ အမျိုးသမီးတစ်ယောက်ကို ပန်းစည်းတွေ အရုပ်တွေနဲ့ Sinon Loresa တစ်ယောက် ကတော့ သူရဲ့ နွေးထွေးမှုကို ပြသခဲ့ပါတယ်။ ဒီနေ့ဟာ အိမ်ယာမဲ့အမျိုးသမီးလေးရဲ့ မွေးနေ့ဖြစ်တာကြောင့် သူ့ရဲ့မင်္ဂလာရှိတဲ့ မွေးနေ့မှာ သူ့ကို ပျော်ရွှင်စေချင် တာကြောင့် အခုလို လုပ်ဆောင်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အထူးသဖြင့် အိမ်ယာမဲ့ဘဝမိဘမဲ့ဘဝတွေကို ခံစားဖူးတဲ့ Sinon Loresa ဟာ ဆိုရင် ကိုယ်ချင်းစာစိတ်နဲ့ အခုလို ဖေးမကူညီမှုတွေဟာ မြင်ရသူအဖို့ ဘာသာမတူလူမျိုး မတူသော်ငြားလည်း ဝမ်းမြောက် ဖွယ်ရာပင် ဖြစ်ပါတယ်။ ဒါကြောင့် ပရိသတ်တို့လည်း သာဓုခေါ်ဆိုနိုင်ရန် ကြည်နူးစရာမြင်ကွင်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

ရုပ်သံဖိုင်အားကြည့်ရန် နှိပ်ပါ

You May Also Like

About the Author: hanminhtet