“မိန်းကလေးချင်းကြိုက်နေသူတစ်ယောက်အဖြစ် ရဲရဲဝင့်ဝင့်ချပြလိုက်တဲ့ ထက်အဉ္ဇလီ”

လန်းဆန်းတက်ကြွတဲ့အပြုံးနဲ့ သီချင်းတွေကိုပေါ့ပေါ့ပါးပါးသီဆိုတတ်သူ ထက်အဉ္ဇလီကတော့ မြန်မာအိုင်ဒေါရဲ့ပြိုင်ပွဲဝင်တစ်ယောက်အနေနဲ့ ပရိသတ်ရဲ့အချစ်တွေကိုသိမ်းပိုက်ခဲ့သူပါ။ မြန်မာအိုင်ဒေါပြိုင်ပွဲကြီးကြောင့် ငယ်ငယ်လေးကတည်းကခွဲခွာခဲ့ရတဲ့ဖခင်ဖြစ်သူနဲ့ ပြန်လည်ဆုံတွေ့ခဲ့ရတဲ့ ပြိုင်ပွဲဝင်တစ်ယောက်အနေနဲ့လည်း ပရိသတ်တွေမှတ်မှတ်ထင်ထင်ရှိခဲ့တဲ့သူတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။

Flower

ပင်ကိုယ်အရည်အချင်းရှိတဲ့ ထက်အဉ္ဇလီကတော့ ပြိုင်ပွဲပြီးဆုံးသွားချိန်မှာလည်း ဖျော်ဖြေပွဲတွေဆက်တိုက်ဆိုသလို သွားရောက်သီဆိုနေရပြီဖြစ်ပြီး မကြာသေးခင်ကမြောင်းမြမြို့မှာသီဆိုဖျော်ဖြေခဲ့ပါသေးတယ်။

ပြိုင်ပွဲကြီးပြီးကတည်းက ဖျော်ဖြေပွဲတွေဆက်တိုက်သွားရောက်သီဆိုနေရသူ ထက်အဉ္ဇလီကတော့ ဒီနေ့ ချစ်သူများနေ့လေးမှာ သူချစ်ရတဲ့ချစ်သူကောင်မလေးနဲ့ရိုက်ကူးထားတဲ့ ပုံလေးတွေကို ပရိသတ်တွေကိုချပြလိုက်တာပဲဖြစ်ပါတယ်။

“အေးဆေးဘဲ.. ဘာကြည့်နေတာလဲ.. အားကျမခံ အခုပဲ Mention ခေါ်ပြီး ကိုယ့်အချင်းချင်းပဲ Ship လိုက်တော့လေ.. Happy Valentine’s Day” ဆိုတဲ့စာသားလေးနဲ့အတူ ရိုမန့်တစ်ဆန်ဆန်ရိုက်ကူးထားတဲ့ပုံလေးတွေနဲ့အတူ မျှဝေပေးခဲ့တာပါ။

ပရိသတ်ကြီးရေ ထက်အဉ္ဇလီကတော့ သူ့ရဲ့အချစ်ရေးကိုချပြထားခြင်းမရှိသေးဘဲ ဒီနေ့မှာတော့ မိန်းကလေးချင်းကြိုက်တဲ့သူတစ်ယောက်ဖြစ်ကြောင်း ပုံလေးတွေနဲ့ချပြလိုက်တာလား.. တမင်စနောက်နေတာလားဆိုတာတော့ စဉ်းစားစရာပါပဲနော်။

Zawgyi






Flower

You May Also Like

About the Author: hanminhtet