ပြေတီဦးရဲ့ လက်ဆောင်ကြောင့် ဝမ်းသာမဆုံးဖြစ်နေတဲ့ ကိုပေါက်

ဒါရိုက်တာ ကိုပေါက်ကတော့ ဇာတ်ပို့ဇာတ်ရံတစ်ယောက်ကနေ ဒါရိုက်တာ ဖြစ်လာသူတစ်ယောက်ပါပဲ။ နိုင်ငံကျော် အနုပညာရှင်တစ်ယောက်ဖြစ်ပေမယ့် ပျော်ပျော်နေတတ်တဲ့ ကိုပေါက်က လူချစ်လူခင်ပေါများသူတစ်ယောက်ဖြစ်ပြီး အနုပညာရှင်အချင်းချင်းလည်း သူ့ကို ချစ်ကြတာချည်း ဖြစ်ပါတယ်။ ကိုပေါက်ကလည်း သူနဲ့ ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတွေကို အမြဲတမ်းစနောက်ကျီစယ်လေ့ရှိသူတစ်ယောက် ဖြစ်ပါတယ်။

ဒီနေ့မှာလည်း ကိုပေါက်က သူ့ရဲ့ အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ ပြေတီဦးဆီက ရရှိလာတဲ့ လက်ဆောင်ကြောင့် ဝမ်းသာနေကြောင်းကို အခုလိုပဲ ပြောထားပါတယ်။ “ကျွန်တော့သူငယ်ချင်းက ဆေးထိုးကြမ်းပေမယ့် ကျွန်တော့ကို ချစ်ရှာပါတယ်။ ကျွန်တော့ကိုနေလှန်းပြီး ရစ်ထားတဲ့ golf အိတ် အခုတော့ရပါပြီဗျာ။ ချစ်တယ် သူငယ်ချင်း။” ဆိုပြီး ပြောထားတာ ဖြစ်ပါတယ်။

ပြေတီဦးကတော့ တန်ဖိုးမနည်းလှတဲ့ Golf အိတ်ကြီးကို ချစ်သူငယ်ချင်း ကိုပေါက်ဆီ လက်ဆောင်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဆေးထိုးကြမ်းကြပေမယ့် တစ်ယောက်နဲ့တစ်ယောက်ချစ်ကြတဲ့ ပြေတီဦးနဲ့ ကိုပေါက်တို့ သူငယ်ချင်းနှစ်ယောက်ကိုကြည့်ပြီး အပျော်တွေ ကူးစက်သွားမယ် ထင်ပါတယ်။

You May Also Like

About the Author: hanminhtet

Leave a Reply

Your email address will not be published. Required fields are marked *