ပြည်တော်ပြန်တွေကို (၁၄)ရက်စောင့်ကြည့်မှုကို လက်ခံဖို့ တောင်းပန်လိုက်တဲ့ မိုးပြည့်ပြည့်မောင်

လက်ရှိ နိုင်ငံအဝှမ်းမှာ ဖြစ်ပွားနေတဲ့ Covid 19 ပိုးဟာ တရုတ်နိုင်ငံက တဆင့် နိုင်ငံတော်တော်များများကို ပျံ့နှံ့လာခဲ့ပြီဖြစ်ပါတယ် ။ Covid19 ကို ကာကွယ်ဖို့အတွက်နိုင်ငံတိုင်းမှာ ကြိုတင်ကာကွယ် ခြင်းနဲ့ကုသမှုတွေ ပြုလုပ်လျက်ရှိပြီး ကျန်းမာရေးဝန်ထမ်းတွေကလည်း တစ်ဖက်တလမ်းက ကူညီပေးနေကြတာဖြစ်ပါတယ် ။

Flower

မြန်မာနိုင်ငံမှာလက်ရှိ ရောဂါ ပိုးရှိသူ (၅) ဦးသာတွေ့ရှိထားပြီးနောက်ထပ်မပျံ့ပွားအောင်လည်း အားလုံးက ကြိုးစားဆောင်ရွက်နေကြပါတယ် ။

အထူးသဖြင့် နိုင်ငံခြားကနေ အမိမြန်မာမြေကို ပြန်လာကြတဲ့ ကျောင်းသားတွေနဲ့ အလုပ်သမားတွေကို ကြိုတင်ကာကွယ်ရေးအခြေနေအရ (၁၄) ရက်တိတိ စောင့်ကြပ်ကြည့်ရှုပြီး ရောဂါပိုး ရှိမရှိ သေချာ စစ်ဆေးမှုတွေပြုလုပ်နေကြတာဖြစ်ပါတယ်

လတ်တလောမှာတော့ ပရိသတ်တွေရဲ့ အချစ်တော် မိုးပြည့်ပြည့်မောင်ကတော့ ပြည်တော်ပြန်တွေကို (၁၄)ရက်စောင့်ကြည့်မှုခံယူဖို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာထက်ကနေ တောင်းဆိုတောင်းပန်လာခဲ့ပါတယ်။

”နိုင်ငံခြားက ပြန်လာသူတွေရယ်။ ကိုယ့်မိသားစု၊ ပတ်ဝန်းကျင်ကို တစ်ကယ်ချစ်ရင် သနားတယ်ဆိုရင် (၁၄)ရက် စောင့်ကြည့်မှုကို လက်ခံသင့်တယ်လို့ ကျွန်မ မိုးပြည့်မှ အနူးအညွတ်တောင်းဆိုလိုက်ပါတယ်။တောင်းပန်ပါတယ်ရှင်”လို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြလာခဲ့တာပဲဖြစ်ပါတယ်။

Zawgyi

လက္ရွိ ႏိုင္ငံအဝွမ္းမွာ ျဖစ္ပြားေနတဲ့ Covid 19 ပိုးဟာ တ႐ုတ္ႏိုင္ငံက တဆင့္ ႏိုင္ငံေတာ္ေတာ္မ်ားမ်ားကို ပ်ံ႕ႏွံ႔လာခဲ့ၿပီျဖစ္ပါတယ္ ။ Covid19 ကို ကာကြယ္ဖို႔အတြက္ႏိုင္ငံတိုင္းမွာ ႀကိဳတင္ကာကြယ္ ျခင္းနဲ႔ကုသမႈေတြ ျပဳလုပ္လ်က္ရွိၿပီး က်န္းမာေရးဝန္ထမ္းေတြကလည္း တစ္ဖက္တလမ္းက ကူညီေပးေနၾကတာျဖစ္ပါတယ္ ။

ျမန္မာႏိုင္ငံမွာလက္ရွိ ေရာဂါ ပိုးရွိသူ (၅) ဦးသာေတြ႕ရွိထားၿပီးေနာက္ထပ္မပ်ံ႕ပြားေအာင္လည္း အားလုံးက ႀကိဳးစားေဆာင္႐ြက္ေနၾကပါတယ္ ။

အထူးသျဖင့္ ႏိုင္ငံျခားကေန အမိျမန္မာေျမကို ျပန္လာၾကတဲ့ ေက်ာင္းသားေတြနဲ႔ အလုပ္သမားေတြကို ႀကိဳတင္ကာကြယ္ေရးအေျခေနအရ (၁၄) ရက္တိတိ ေစာင့္ၾကပ္ၾကည့္ရႈၿပီး ေရာဂါပိုး ရွိမရွိ ေသခ်ာ စစ္ေဆးမႈေတြျပဳလုပ္ေနၾကတာျဖစ္ပါတယ္

လတ္တေလာမွာေတာ့ ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ မိုးျပည့္ျပည့္ေမာင္ကေတာ့ ျပည္ေတာ္ျပန္ေတြကို (၁၄)ရက္ေစာင့္ၾကည့္မႈခံယူဖို႔ သူ႔ရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာထက္ကေန ေတာင္းဆိုေတာင္းပန္လာခဲ့ပါတယ္။

”ႏိုင္ငံျခားက ျပန္လာသူေတြရယ္။ ကိုယ့္မိသားစု၊ ပတ္ဝန္းက်င္ကို တစ္ကယ္ခ်စ္ရင္ သနားတယ္ဆိုရင္ (၁၄)ရက္ ေစာင့္ၾကည့္မႈကို လက္ခံသင့္တယ္လို႔ ကြၽန္မ မိုးျပည့္မွ အႏူးအၫြတ္ေတာင္းဆိုလိုက္ပါတယ္။ေတာင္းပန္ပါတယ္ရွင္”လို႔ သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေန ေဖာ္ျပလာခဲ့တာပဲျဖစ္ပါတယ္။

You May Also Like

About the Author: hanminhtet