ပရိသတ်တွေကို အင်္ကျီအထည်(၂၀၀) လက်ဆောင်ပေးမယ်ဆိုတဲ့ မိုးယုစံ

တစ်သားမွေးပြီး တစ်သွေးလှနေတဲ့မေမေမိုးယုစံကတော့ အစစအရာရာဖြည့်ဆည်းပေးတတ်လွန်းတဲ့ ချစ်ခင်ပွန်း၊ချစ်ဖို့ကောင်းလွန်းတဲ့သားလေးကောင်းသိင်္ခမိုးသူတို့နဲ့အတူတူ သာယာချမ်းမြေ့တဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။အိမ်ထောင်ကျပြီးနောက်ပိုင်း အနုပညာအလုပ်တွေနဲ့အလှမ်းကွာဝေးနေပေမယ့်လည်း ယနေ့ထက်တိုင်အားပေးချစ်ခင်တဲ့ပရိသတ်တွေ များစွာရှိနေစဲပါပဲ။

မိုးယုစံကတော့ အနုပညာအလုပ်တွေရပ်နားကာ မိသားစုကိုပဲ အဓိကအချိန်ပေးနေသူတစ်ယောက်ပါ။အနုပညာလောကထဲကို စတင်ဝင်ရောက်လာပြီဖြစ်တဲ့မောင်ဖြစ်သူ ဆန်းလင်းထွန်းကိုလည်း သင်ကြားပြသပေးနေပြီး လက်တွဲခေါ်ယူနေတာလည်း ဖြစ်ပါတယ်။

Flower

နိုင်ငံကျော်မင်းသမီးချောလေး မိုးယုစံကတော့ ပရိသတ်တွေကို အင်္ကျီအထည်(၂၀၀) လက်ဆောင်ပေးမယ့်အကြောင်းကို “ဒီည live မှာ နာမည်လေးတွေရွေးပေးမယ်နော် တစ်ထုတ်မှာ၂ထည်နဲ့ အထုတ်၁၀၀ လက်ဆောင်ပေးပါမယ် တစ်ခါပဲဝတ်ထားတာ တချို့တခါမှမဝတ်သေးဘူး တံဆိပ်တောင်မဖြုတ်ရသေးတာတောင်ပါတယ် အကျီတွေကတော့ ဗမာအကျီ ဂါဝန် free styleအစုံမို့ရွေးလို့တော့မရဘူးနော်

တော် မတော်ကတော့ကံပေါ့ သန့်ရှင်းရေးမလုပ်ပေးနိုင်တာတော့ နားလပေးပါနော် အထည်၂၀၀ကို မိုးယုကိုယ်တိုင်ပုံးတွေမ ရှာ ခေါက်ထည့်ရတာနဲ့တင် ခုခါးတွေနာနေတာ ရရင်လည်းတန်ဖိုးထားပေးပါနော် မိုးယုကိုလည်းတကယ်ချစ်ခင်ပီး အကျီလည်းတကယ်လိုအပ်တဲ့သူပဲ လာပါနော်

ယူချင်တဲ့သူအကုန်လုံးပေးချင်ပေမဲ့ အကန့်အသတ်နဲ့မို့ပါ မိုးယုကိုလည် အမြဲချစ်ခင်ပေးပါလို့ liveဆိုလွှင့်ခဲတာ ညစကားတွေပြောရင်းဆုံမယ်နော် သိချင်တာရှိလည်းမေလို့ရပါတယ်လို့ see u tonight 7pm” လို့သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။

Zawgyi

တစ္သားေမြးၿပီး တစ္ေသြးလွေနတဲ့ေမေမမိုးယုစံကေတာ့ အစစအရာရာျဖည့္ဆည္းေပးတတ္လြန္းတဲ့ ခ်စ္ခင္ပြန္း၊ခ်စ္ဖို႔ေကာင္းလြန္းတဲ့သားေလးေကာင္းသိခၤမိုးသူတို႔နဲ႔အတူတူ သာယာခ်မ္းေျမ့တဲ့မိသားစုဘဝေလးကို ပိုင္ဆိုင္ထားသူတစ္ေယာက္ပါ။အိမ္ေထာင္က်ၿပီးေနာက္ပိုင္း အႏုပညာအလုပ္ေတြနဲ႔အလွမ္းကြာေဝးေနေပမယ့္လည္း ယေန႔ထက္တိုင္အားေပးခ်စ္ခင္တဲ့ပရိသတ္ေတြ မ်ားစြာရွိေနစဲပါပဲ။

မိုးယုစံကေတာ့ အႏုပညာအလုပ္ေတြရပ္နားကာ မိသားစုကိုပဲ အဓိကအခ်ိန္ေပးေနသူတစ္ေယာက္ပါ။အႏုပညာေလာကထဲကို စတင္ဝင္ေရာက္လာၿပီျဖစ္တဲ့ေမာင္ျဖစ္သူ ဆန္းလင္းထြန္းကိုလည္း သင္ၾကားျပသေပးေနၿပီး လက္တြဲေခၚယူေနတာလည္း ျဖစ္ပါတယ္။

ႏိုင္ငံေက်ာ္မင္းသမီးေခ်ာေလး မိုးယုစံကေတာ့ ပရိသတ္ေတြကို အက်ႌအထည္(၂၀၀) လက္ေဆာင္ေပးမယ့္အေၾကာင္းကို “ဒီည live မွာ နာမည္ေလးေတြေ႐ြးေပးမယ္ေနာ္ တစ္ထုတ္မွာ၂ထည္နဲ႔ အထုတ္၁၀၀ လက္ေဆာင္ေပးပါမယ္ တစ္ခါပဲဝတ္ထားတာ တခ်ိဳ႕တခါမွမဝတ္ေသးဘူး တံဆိပ္ေတာင္မျဖဳတ္ရေသးတာေတာင္ပါတယ္ အက်ီေတြကေတာ့ ဗမာအက်ီ ဂါဝန္ free styleအစုံမို႔ေ႐ြးလို႔ေတာ့မရဘူးေနာ္

ေတာ္ မေတာ္ကေတာ့ကံေပါ့ သန္႔ရွင္းေရးမလုပ္ေပးႏိုင္တာေတာ့ နားလေပးပါေနာ္ အထည္၂၀၀ကို မိုးယုကိုယ္တိုင္ပုံးေတြမ ရွာ ေခါက္ထည့္ရတာနဲ႔တင္ ခုခါးေတြနာေနတာ ရရင္လည္းတန္ဖိုးထားေပးပါေနာ္ မိုးယုကိုလည္းတကယ္ခ်စ္ခင္ပီး အက်ီလည္းတကယ္လိုအပ္တဲ့သူပဲ လာပါေနာ္

ယူခ်င္တဲ့သူအကုန္လုံးေပးခ်င္ေပမဲ့ အကန္႔အသတ္နဲ႔မို႔ပါ မိုးယုကိုလည္ အၿမဲခ်စ္ခင္ေပးပါလို႔ liveဆိုလႊင့္ခဲတာ ညစကားေတြေျပာရင္းဆုံမယ္ေနာ္ သိခ်င္တာရွိလည္းေမလို႔ရပါတယ္လို႔ see u tonight 7pm” လို႔သူ႔ရဲ႕ လူမႈကြန္ရက္ စာမ်က္ႏွာမွာေဖာ္ျပထားပါတယ္။

You May Also Like

About the Author: hanminhtet