“ပထမဆုံးသီချင်းအမြည်းလေး ချပြလိုက်ပြီဖြစ်တဲ့ ခြူးစစ်ဟန်”

လူစိတ်ဝင်စားမှုအများဆုံးတီဗီအစီအစဉ်ပရိုဂရမ်တစ်ခုဖြစ်တဲ့ Myanmar Idol Season(4) ဟာလည်း ဒီဇင်ဘာလ (၂၈)ရက်နေ့မှာ Grand Final ကျင်းပပြီးစီးသွားခဲ့ပြီဖြစ်ပါတယ်..။

Flower

မြန်မာအိုင်ဒေါအစီအစဉ်ပြိုင်ပွဲတစ်လျှောက်မှာ ပြိုင်ပွဲ (၁၁)ယောက်ဟာ Voting စနစ်နဲ့ တစ်ပတ်ကို တစ်ယောက်ပြိုင်ပွဲမှ နှုတ်ဆက်ထွက်ခွာခဲ့ရပါတယ်..။ ပြိုင်ပွဲဝင်(၁၁)ယောက်ထဲကမှ အလှမယ်ခြူးစစ်ဟန်ကတော့ Voting အနည်းဆုံးနဲ့ First Week မှာ နှုတ်ဆက်ထွက်ခွာခဲ့ရပါတယ်..။

ခြူးစစ်ဟန်ဟာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပေမယ့် အားမလျော့ပဲ ဆက်လက်ပြီး အနုပညာအလုပ်လေးတွေကို သူမတတ်နိုင်သလောက် လုပ်သွားမှာပါလို့ အင်တာဗျူးတစ်ခုမှာ ပြောခဲ့ဖူးပါတယ်..။ ပြိုင်ပွဲကနေ ထွက်ခွာသွားပေမယ့် သူမကတော့ သူငယ်ချင်းဖြစ်သူတို့ရဲ့သီဆိုယှဉ်ပြိုင်မှုတွေကို ဆက်လက်ကြည့်ရှု့အားပေးခဲ့တဲ့သူပါ..။

မော်လ်ဒယ်တစ်ယောက်အနေနဲ့လည်း Miss Golden Land Myanmar 2015 မှာ Face of Beauty Myanmar ဆုကြီးကိုရရှိထားပြီး ဇဏ်ခီကိုယ်တိုင်ရေးသားထားပြီး ထာဝရနှောင်ကြိုးဇာတ်ကားထဲမှာပါဝင်ခဲ့တဲ့ ‘ဖြတ်လိုက်တော့’ သီချင်းဟာဆိုရင်လည်း ပရိသတ်တွေအကြိုက်နဲ့ ထပ်တူညီခဲ့တဲ့သီချင်းတစ်ပုဒ်ပါ။

ဖျော်ဖြေပွဲတွေဆက်တိုက်သွားရောက်နေရတဲ့ကြားထဲက မနေ့ကတော့ သူ့ရဲ့ နောက်ထပ်သီချင်းအသစ်လေးဖြစ်တဲ့ အမုန်းဋီကာ ဆိုတဲ့သီချင်းအမြည်းလေးကိုထပ်မံချပြခဲ့တာပါ။သီချင်းအမြည်းနဲ့တင် ပရိသတ်တွေက သဘောကျခဲ့တာဖြစ်ပြီး အမြန်ဆုံးထပ်တင်ပေးဖို့တောင်းဆိုခဲ့ကြတာမို့ ခြူးစစ်ဟန်ရဲ့ သီချင်းအသစ်လေးကို မျှဝေပေးလိုက်ပါတယ်နော်။

အဆုံးထိ ဖတ်ရှု့ပေးတဲ့အတြက် ကြျန်တ္တောို့ Myanmar Up To Date Page မွ အထူးကေ်းဇူးတင်ရွိပါတယ်။နောက္မ်ားမွာလည်း အခုလို ဗဟုသုတ သတင်းအသစ္မ်ားကို ဖတ်ရှု့ဖို့အတြက် ကြျန်တ္တောို့ Myanmar Up To Date Page ကိုလည်း Like and See first လုပ္ထားဖို့ မေမ့ပါနဲ့နော်..။

Zawgyi






အဆုံးထိ ဖတ်ရှု့ပေးတဲ့အတြက် ကျြန်တ္တေိာု့ Myanmar Up To Date Page မွ အထူးကေ်းဇူးတင်ရွိပါတယ်။နောက္မ်ားမွာလည်း အခုလို ဗဟုသုတ သတင်းအသစ္မ်ားကို ဖတ်ရှု့ဖို့အတြက် ကျြန်တ္တေိာု့ Myanmar Up To Date Page ကိုလည်း Like and See first လုပ္ထားဖို့ မေမ့ပါနဲ့နော်..။

Flower

You May Also Like

About the Author: hanminhtet