နေထိုင်ရာ New Yorkမြို့ရဲ့ အခြေအနေကို ပြောပြလာတဲ့ ဥက္ကာမင်းမောင်

ပရိသတ်အချစ်တော် မော်ဒယ်မင်းသား ဥက္ကာမင်းမောင်ကတော့ လက်ရှိနေထိုင်ရာ New York မြို့ရဲ့ အခြေအနေတွေကို “New York မှာ အခြေအနေ အရမ်းဆိုးပါတယ်.. လွန်ခဲ့သော (၁) ပါတ်က အခြေအနေနဲ့ အခု တအားကွာသွားပါပြီ..ဒီဗီဒီယိုကိုကြည့်ပါ..

New York မြို့ Elmhurst က ဆေးရုံက emergency room doctor ပြောသွားတဲ့အထဲမှာ ဒီဆေးရုံမှာ ventilator (အသက်ရှူလို့ရအောက်လုပ်ပေးတဲ့စက်) တွေမလောက်တာရော.. နေရာမလောက်လို့ လူသေတွေကို ထားဖို့ refrigerated truck ကိုထပ်မှာတဲ့ အကြောင်းလဲပြောသွားပါတယ်

Flower

New York City လိုမြို့မှာတောင် ဒီလို လူနာတွေ အများကြီး အသည်းအသန်အခြေအနေ စုပြုံပြီး ဖြစ်တဲ့အခါ ဆေးရုံသုံးပစ္စည်းတွေ မလောက်ပါဘူး.. ရောဂါအခြေအနေ ဆိုးရွားတဲ့သူတွေအတွက် ပုံမှန်အသက်ရှူလို့မရတဲ့အခါ ကူရန် Ventilator လိုပါတယ်..

မြန်မာနိုင်ငံတနိုင်ငံလုံးက ဆေးရုံတွေမှာ Ventilator ဘယ်နှစ်လုံးရှိလဲ ကျွန်တော်မသိပေမယ့် မြို့ကြီးတွေအပြင် အထူးသဖြင့် နယ်တွေ ကျေးရွာတွေမှာ ဒီလိုအခြေအနေကြုံခဲ့မယ်ဆိုရင် ကျွန်တော် တွေးတောင်မတွေးရဲဘူး.. အားလုံးကို စိတ်ပူလို့ပါ..ကိုယ်သာ သူဌေးဆိုလို့ကတော့ အသက်ရှူစက်တွေ ဆေးရုံသုံးပစ္စည်းတွေ တနိုင်ငံလုံးလှူလိုက်ချင်တယ်..မြန်မာပြည်ကြီး အေးချမ်းပါစေ..

ဒီရောဂါကပ်ဘေးမှအမြန်ဆုံးကင်းဝေးပါစေ.. အခု (၃) ယောက်ထပ် အပြင် ဘယ်သူ့မှ ထပ်မကူးပါစေနဲ့” လို့သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။ သူနေထိုင်ရာ New York မြို့ကတော့ US မှာ ကိုရိုနာှိုင်းရပ်စ် ကူးစက်ခံရမှု အမြင့်ဆုံးနိုင်ငံဖြစ်ပြီး Lockdown လည်းချခံထားရတာဖြစ်ပါတယ်။

နိုင်ငံရပ်ခြားမှာ နေထိုင်ပြီး အနုပညာလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ LGBT ကတော့ ဥက္ကာမင်းမောင်ပါ။ လိင်တူချစ်သူ ရှိကြောင်း ပရိသတ်တွေကို ချပြပြီးနောက်ပိုင်း ဂယက်တွေ ပြင်းထန်ခဲ့ပေမဲ့ ပွင့်လင်းလာတဲ့ (၂၁)ရာစု ခေတ်ကြီးမှာ ဥက္ကာမင်းမောင်ဘက်က အားပေးသူတွေလည်း ပေါ်ပေါက်ခဲ့ပါတယ်။

ကမ္ဘာ့ လိင်တူချစ်သူ အနုပညာရှင် စာရင်းမှာ မြန်မာနိုင်ငံ ကိုယ်စားပြု ဖော်ပြခြင်း ခံထားရတဲ့ ဥက္ကာမင်းမောင်က လက်ရှိဘဝလေးမှာပဲ ပျော်ရွှင်နေတာပါ။ သူကတော့ အဆိုပိုင်းမှာလည်း ဝါသနာပါသူတစ်ယောက် ဖြစ်တာကြောင့် 18 ဆိုတဲ့ တေးစီးရီး တခုကို ဆိုခဲ့ပါသေးတယ် ။

Zawgyi

ပရိသတ္အခ်စ္ေတာ္ ေမာ္ဒယ္မင္းသား ဥကၠာမင္းေမာင္ကေတာ့ လက္ရွိေနထိုင္ရာ New York ၿမိဳ႕ရဲ႕ အေျခအေနေတြကို “New York မွာ အေျခအေန အရမ္းဆိုးပါတယ္.. လြန္ခဲ့ေသာ (၁) ပါတ္က အေျခအေနနဲ႔ အခု တအားကြာသြားပါၿပီ..ဒီဗီဒီယိုကိုၾကည့္ပါ..

New York ၿမိဳ႕ Elmhurst က ေဆး႐ုံက emergency room doctor ေျပာသြားတဲ့အထဲမွာ ဒီေဆး႐ုံမွာ ventilator (အသက္ရႉလို႔ရေအာက္လုပ္ေပးတဲ့စက္) ေတြမေလာက္တာေရာ.. ေနရာမေလာက္လို႔ လူေသေတြကို ထားဖို႔ refrigerated truck ကိုထပ္မွာတဲ့ အေၾကာင္းလဲေျပာသြားပါတယ္

New York City လိုၿမိဳ႕မွာေတာင္ ဒီလို လူနာေတြ အမ်ားႀကီး အသည္းအသန္အေျခအေန စုၿပဳံၿပီး ျဖစ္တဲ့အခါ ေဆး႐ုံသုံးပစၥည္းေတြ မေလာက္ပါဘူး.. ေရာဂါအေျခအေန ဆိုး႐ြားတဲ့သူေတြအတြက္ ပုံမွန္အသက္ရႉလို႔မရတဲ့အခါ ကူရန္ Ventilator လိုပါတယ္..

ျမန္မာႏိုင္ငံတႏိုင္ငံလုံးက ေဆး႐ုံေတြမွာ Ventilator ဘယ္ႏွစ္လုံးရွိလဲ ကြၽန္ေတာ္မသိေပမယ့္ ၿမိဳ႕ႀကီးေတြအျပင္ အထူးသျဖင့္ နယ္ေတြ ေက်း႐ြာေတြမွာ ဒီလိုအေျခအေနႀကဳံခဲ့မယ္ဆိုရင္ ကြၽန္ေတာ္ ေတြးေတာင္မေတြးရဲဘူး.. အားလုံးကို စိတ္ပူလို႔ပါ..ကိုယ္သာ သူေဌးဆိုလို႔ကေတာ့ အသက္ရႉစက္ေတြ ေဆး႐ုံသုံးပစၥည္းေတြ တႏိုင္ငံလုံးလႉလိုက္ခ်င္တယ္..ျမန္မာျပည္ႀကီး ေအးခ်မ္းပါေစ..

ဒီေရာဂါကပ္ေဘးမွအျမန္ဆုံးကင္းေဝးပါေစ.. အခု (၃) ေယာက္ထပ္ အျပင္ ဘယ္သူ႔မွ ထပ္မကူးပါေစနဲ႔” လို႔သူ႔ရဲ႕ လူမႈကြန္ရက္ စာမ်က္ႏွာမွာေဖာ္ျပထားပါတယ္။ သူေနထိုင္ရာ New York ၿမိဳ႕ကေတာ့ US မွာ ကို႐ိုနာႈိင္းရပ္စ္ ကူးစက္ခံရမႈ အျမင့္ဆုံးႏိုင္ငံျဖစ္ၿပီး Lockdown လည္းခ်ခံထားရတာျဖစ္ပါတယ္။

ႏိုင္ငံရပ္ျခားမွာ ေနထိုင္ၿပီး အႏုပညာလုပ္ငန္းေတြ ေဆာင္႐ြက္ေနတဲ့ LGBT ကေတာ့ ဥကၠာမင္းေမာင္ပါ။ လိင္တူခ်စ္သူ ရွိေၾကာင္း ပရိသတ္ေတြကို ခ်ျပၿပီးေနာက္ပိုင္း ဂယက္ေတြ ျပင္းထန္ခဲ့ေပမဲ့ ပြင့္လင္းလာတဲ့ (၂၁)ရာစု ေခတ္ႀကီးမွာ ဥကၠာမင္းေမာင္ဘက္က အားေပးသူေတြလည္း ေပၚေပါက္ခဲ့ပါတယ္။

ကမာၻ႔ လိင္တူခ်စ္သူ အႏုပညာရွင္ စာရင္းမွာ ျမန္မာႏိုင္ငံ ကိုယ္စားျပဳ ေဖာ္ျပျခင္း ခံထားရတဲ့ ဥကၠာမင္းေမာင္က လက္ရွိဘဝေလးမွာပဲ ေပ်ာ္႐ႊင္ေနတာပါ။ သူကေတာ့ အဆိုပိုင္းမွာလည္း ဝါသနာပါသူတစ္ေယာက္ ျဖစ္တာေၾကာင့္ 18 ဆိုတဲ့ ေတးစီးရီး တခုကို ဆိုခဲ့ပါေသးတယ္ ။

You May Also Like

About the Author: hanminhtet