နယူးယောက်မြို့လယ်ခေါင်မှာ ဆွမ်းခံကြွတဲ့ ရဟန်း ၂ ပါးနဲ့ ဆွမ်းလှူခဲ့တဲ့ နိုင်ငံခြားသူလေးတို့ရဲ့ စိတ်အေးချမ်းဖွယ်မြင်ကွင်း

ဗုဒ္ဓဘာသာထွန်းကားတဲ့ နိုင်ငံတွေက အာရှမှာပဲ ရှိတာပါ…ဒါပေမဲ့ ခုနောက်ပိုင်းမှာတော့ ကမ္ဘာတစ်လွှားက ဗုဒ္ဓဘာသာသို့ ဝင်ရောက်သူတွေများပြားလာသလို သာသနာဟာလည်း ဥရောပ အမေရိက အာဖရိကထိ ပြန့်နှံ့လာတာ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ သတင်းတွေ ဖတ်ရမှာပါ…ခုလည်းပဲ အမေရိကန်မှာ နိုင်ငံခြားသား ရဟန်း ၂ ပါး နယူးယောက်မြို့လယ်မှာ ဆွမ်းခံကြွနေတဲ့ ပုံရိပ်လေးတွေ လူမှုကွန်ရက်မှာ ခုလိုပြန့်နေပါတယ်


“နယူးယောက်မြို့လယ်မှာ ရဟန်းတော်နှစ်ပါးဆွမ်းခံကြွသလို ဆွမ်းလောင်းတဲ့ သူတွေက လည်း အသီးအရွက်စိမ်းနဲ့ မုန့်တွေ လောင်းလှူကြပါတယ် အဲဒီလို ဆွမ်းခံရင်း ရဟန်းတော် နှစ်ပါးကလည်း ဆွမ်းဘုန်းချိန် နီးလေတော့ မုန့်ပဲ သရေစာကို ဆွမ်းအမှတ်နဲ့ သုံးဆောင် မ လို့ လုပ်နေတုန်း ဗုဒ္ဓဘာသာအ ကြောင်း နားလည်တဲ့ ဗုဒ္ဓ ဘာသာဝင် တကာမလေး တစ် ယောက်က အလျင်အမြန် ပြေးလာပြီး လျှောက်သတဲ့။


အရှင်ဘုရားတို့ တပည့်တော်မ ဆွမ်းကပ်ပါမယ်ဘုရား ဆိုပြီး နီး စပ်ရာ ဆိုင်က ဆွမ်းဝယ်ပြီး ကပ်တာတဲ့ အလှူ ရှင်မလေး ၏ သဒ္ဓါတရား နှင့် ဘာသာ တရား အပေါ် နားလည်မှုက အံ့သြလောက်ပါရဲ့ ဆိုပြီး ကြည်နူးဖွယ်တွေ့ရှိရတာပါခုလို အမေရိကန်က နယူးယောက်လို့ မြို့မှာ ဗုဒ္ဓသာသနာပြန့်ပွားလာတာဖြစ်ပြီး ပရိသတ်ကြီးတို့လည်း ဒကာမလေးရဲ့ အလှူကို သာဓုခေါ်နိုင်အောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်…

Flower

You May Also Like

About the Author: hanminhtet