ဒေါ်အောင်ဆန်းစုကြည်ပြုလုပ်သည့် Maskပြိုင်ပွဲတွင် အထူးဆုရရှိသွားခဲ့သည့် ရုရှားသံအမတ်ကြီး မိသားစု

မကြေညာရသေးတဲ့ mask ပြိုင်ပွဲ ဆုအားလုံးကိုဒီကနေ့ကြေညာပါတော့မယ်။ပြည်သူအကျိုးပြုဆုများ။ ကျန်းမာရေးဝန်ကြီးဌာနက ကျန်းမာရေးရှုထောင့်က လက်ခံနိုင်တဲ့အပြင်၊ အများပြည်သူအတွက် လှူဒါန်းရန် ရည်ရွယ်ပြီး ပြုလုပ်ထားခြင်းနဲ့ like အများဆုံးရရှိထားခြင်းတို့အပေါ် အခြေခံ ပြီးရွေးချယ်ထားပါတယ်။ ပထမ၊ Daw Kyi Kyi Win။  ဒုတိယ၊ May Phyu Sin Nyein။ တတိယ၊ Thinn Su။ စိတ်ဝင်စားဖွယ် အကောင်းဆုံး ရည်ရွယ်ချက်ဆုတွေနဲ့ ပတ်သက်လို့ ဘာ့ကြောင့် ကျွန်မ ရွေးချယ်တယ် ဆိုတာကို အနည်းငယ် ရှင်းပြချင်ပါတယ်။

ပထမ၊ Shin Nyein Mei။မေတ္တာကို အမြင့်ဆုံးတန်ဖိုးထားခြင်းကို အလွန်သဘောကျမိပါတယ်။ လောကကြီးအလိုအပ်နေဆုံးက မေတ္တာမဟုတ်ပါလား။ ဒုတိယ၊ Kyaw Thu။ “လမ်းမှာတွေ့သူတိုင်း အပြုံးတွေမြင်ပြီးအပျော်တွေ ကူးစက် ဘဝအမောတွေပြေစေကြပါစေ” ဆိုတဲ့ ရည်ရွယ်ချက်ကလည်း မေတ္တာက ပေါက်ပွါးလာတာပဲမဟုတ်ပါလား။တတိယ၊ Daw Nwe Ni။ ကလေးတွေ maskတပ်ဆင်ချင်အောင် စိတ်ကူးလေး နဲ့ ချုပ်လိုက်တဲ့ mask လေးတွေဟာ တီထွင်စွမ်းရှိသလို မေတ္တာငွေ့လည်း ပါပါတယ်။

ကြေညာပြီးဆုတွေအပြင် ကျွန်မ အထူးဆုတစ်ခုချီးမြှင့်ပါမယ်။ ဒီဆုကတော့ ရုရှနိုင်ငံ သံအမတ်ကြီး H.E. Dr. Nikolay Listopadov နဲ့မိသားစုအတွက်ပါ။ ကျွန်မတို့ ပြိုင်ပွဲကိုအားပေးလိုတဲ့စိတ်နဲ့ မိသားစုဝင် (၃)ဦးလုံး ရုရှလင်နင်သားနဲ့ ချုပ်ထားတဲ့ mask တွေတပ်ဆင်ပြီးရိုက်ထားတဲ့ပုံက စိတ်ရွှင်လန်းစရာပါ။ယခုတလော ပိတ်ချုပ် masks လေးတွေတပ်နေကြတာမြင်ရလို့ကျွန်မတို့ ပြိုင်ပွဲက ဒီအလေ့အထကို တစ်ထောင့်တစ်နေရာက အားပေးနိုင်ခဲ့မလားလို့တွေးပြီး ဝမ်းသာမိပါတယ်။ ပြိုင်ပွဲဖြစ်မြောက် အောင်မြင်အောင် ပါဝင်ဝန်းရံပေးသူအားလုံးကိုကျေးဇူးတင် စွာနဲ့ နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။

You May Also Like

About the Author: hanminhtet

Leave a Reply

Your email address will not be published. Required fields are marked *