စင်ဂယ်လ်ဖြစ်ကြောင်း ပြောပြီး ဈေးဗန်းခင်းလိုက်တဲ့ တိုင်ရွန်

မော်ဒယ် ၊ သရုပ်ဆောင် တိုင်ရွန်ကတော့ ပရိသတ် အားပေးမှု အခိုင်အမာ ရရှိထားသူပါ။ အရွယ်နဲ့ မလိုက်အောင် အောင်မြင်မှုတွေ ရရှိထားသလို ရိုးသားကြိုးစားသူမို့ ကားရိုက်တွေ များစွာ လက်ခံရရှိတာလည်း ဖြစ်ပါတယ်။ ပရိသတ်အတွက် အကောင်းဆုံး ကြိုးစားနေတဲ့ တိုင်ရွန်က သားလိမ္မာတစ်ယောက်ဆိုလည်း မမှားပါဘူး။ မိဘနှစ်ပါးအတွက် ကွန်ဒိုတိုက်ခန်း ဝယ်ပေးနိုင်ခဲ့သလို အဖေနဲ့ အမေရဲ့ ပုံတူကိုပါ အိမ်ဦးခန်းမှာ အမှတ်တရ ချိတ်ဆွဲထားတာ ဖြစ်ပါတယ်။

အရွယ်ကောင်းတုန်းမှာ အနုပညာကို ကြိုးစားပမ်းစားလုပ်ရင်း စီးပွားရှာနေတဲ့ တိုင်ရွန်အတွက် ချစ်သူရှာဖို့ အချိန်တော့ မပေးနိုင်သေးပါဘူး။ အမြီးပေါက်ရမယ့် အရွယ်ရောက်နေပေမဲ့ ငွေနောက်ပဲ လိုက်နေတာမို့ အချစ်ရေးကို အကောင်အထည် မဖော်နိုင်သေးတာ ဖြစ်ပါတယ်။ သူများတွေ စုံတွဲကို အားကျပြီး သွားရေယိုလေ့ရှိတဲ့ တိုင်ရွန်က ချစ်သူထားဖို့ အချိန်မရှိပေမဲ့ ကြုံရင် ကြုံသလို ဈေးဗန်းလေးတော့ ခင်းပါတယ်။

Flower

ထူးအောင်နဲ့ တွဲဖက်ပြီး gym ပုံရိပ်တွေကို အမြဲတင်လေ့ရှိတဲ့ တိုင်ရွန်က တိုက်ရိုက်တစ်မျိုး သွယ်ဝိုက်ပြီး တစ်ဖုံ အမျိုးမျိုး ဈေးဗန်းခင်းလေ့ ရှိပါတယ်။ facebook story မှာတော့ ရိုက်ကွင်းပုံလေးတွေ တင်လေ့ရှိသလို ကိုကြီးကို ကြွေကြဖို့ အမာခံ ပရိသတ်တွေကို အမြဲ နှိုးဆော်တိုက်တွန်းတာ ဖြစ်ပါတယ်။ ကောင်မလေးတွေ ကြွေလောက်တဲ့ အမိုက်စား ဘော်ဒီ ၊ တက်တူးအပြည့်နဲ့ တိုင်ရွန်ကတော့ အများနည်းတူ နှလုံးသား နုတာမို့ ချစ်သူများနေ့ နီးကပ်လာချိန်မှာ ကြော်ငြာဝင်ပါပြီ။တိုင်ရွန်တစ်ယောက် စင်ဂယ်လ်ဖြစ်ကြောင်းကို အားလုံး ရိပ်မိအောင် ထပ်တလဲလဲ ပရိုမိုးရှင်းကတော့ ခုလို ခင်းထားတာ ဖြစ်ပါတယ်။“ပုံပါအတိုင်း ရယ်နေပုံသည် နှစ်ချို့ single စစ်စစ် ဖြစ်ကြောင်းကို သိပ္ပံပညာရှင်များမှ အတည်ပြု သတင်း ထုတ်ပြန်လိုက်သည်။ ဂင်းနစ်စံချိန် ဝင်ဖို့လဲ ကြိုးစားသွားမည်ဟု ကောင်လေးမှ ပြောကြား” ဆိုပြီး ပုံလေးတွေ ထုတ်ပြကာ အားလုံး အရည်ပျော်အောင် လုပ်ပြသွားတာ ဖြစ်ပါတယ်။တိုင်ရွန်ကတော့ ဈေးဗန်းခင်းနေပြီမို့ အမာခံ ပရိသတ်တွေဘက်က စိတ်ပါဝင်စားသူများ စတင်လှုပ်ရှားနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

Flower

You May Also Like

About the Author: hanminhtet