“ ကျောင်းပြင်ပ ပညာသင်ကြားနေတဲ့ကလေးတွေအတွက် သွားရောက်လှူဒါန်းပေးခဲ့တဲ့ ခါရာ”

ရုပ်ရှင်မင်းသားချောတစ်ယောက်ဖြစ်တဲ့ ခါရာကတော့ လက်ရှိအချိန်မှာမြန်မာနိုင်ငံရဲ့မိန်းကလေးထုကြီးအသဲနှလုံးကို ဆုပ်ကိုင်ထားတဲ့ မင်းသားတစ်လက်လို့ဆိုရမှာပါ။ မြင့်မားတဲ့အရပ်အပြင် မြန်မာမင်းသားတွေထဲမှာ ရှားပါးတဲ့တောင့်တင်းတဲ့ ခန္ဓာကိုယ်ကိုပါ ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။

Flower

မော်လ်ဒယ်ဘဝနဲ့ အနုပညာလောကကို ခြေချလာတာဖြစ်ပြီး လက်ရှိအချိန်မှာတော့ သရုပ်ဆောင်တစ်ယောက်အနေနဲ့ပါ ဇာတ်ကားတွေ ရိုက်လာတာဖြစ်ပါတယ်။

ခါရာဟာ ပထမဦးဆုံး ဇာတ်ဆောင်မင်းသားအနေနဲ့ “မျက်နှာပြင်များ” ဇာတ်ကားကိုရိုက်ကူးခဲ့တာဖြစ်ပြီး လက်ရှိထုတ်လွှင့်ပြသနေတဲ့ “လိပ်ပြာ-အမှန်တရားရဲ့ဓားတစ်လက်”ဇာတ်လမ်းတွဲမှာလည်း ပန်းရောင်ခြယ်နဲ့အတူတူ တွဲဖက်သရုပ်ဆောင်ထားပါသေးတယ်။

ရိုက်ကူးပြီးစီးသွားပြီဖြစ်တဲ့ “Love Equation” ဇာတ်ကားမှာလည်းပါဝင်ခဲ့ပြီး သရုပ်ဆောင်မြတ်နိုးအေးနဲ့အတူ “ရင်ခုန်သံ ခုနှစ်ဆယ့်လေးရက်” ဇာတ်လမ်းတွဲကြီးကိုလည်း ရိုက်ကူးတော့မှာဖြစ်ပါတယ်။

သူကတော့ သူ့ကိုအားပေးတဲ့အမာခံပရိသတ်လေးတွေကို Kharreans လေးတွေကိုအမြဲခေါ်လေ့ရှိပြီး ပရိသတ်တွေကိုအလေးအနက်ထားသူတစ်ယောက်ဖြစ်တာမို့ အလှူဒါနအတူတူလုပ်ဖို့လည်း အမြဲစဉ်းစားနေခဲ့သူတစ်ယောက်ပါ။ဒီနေ့မှာတော့ သူ့ရဲ့ဆန္ဒလေးပြည့်ဝသွားပြီလို့ဆိုရမှာပါ။

အမာခံပရိသတ်လေးတွေနဲ့အတူ ရွှေပြည်သာမြို့နယ်၊ မင်္ဂလာသီရိဘုန်းကြီးကျောင်းမှာ ကျောင်းပြင်ပ ပညာရေးသင်ကြားနေတဲ့ကလေးတွေကို အလှူဒါနလေးသွားရောက်လှူဒါန်းပေးခဲ့တာပဲ ဖြစ်ပါတယ်။ရင်ထဲကမျှော်မှန်းထားတဲ့ ဆန္ဒလေးပြည့်သွားပြီး ပျော်ရွှင်နေတဲ့ခါရာရဲ့ ပုံရိပ်တစ်ချို့ကို ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Zawgyi

႐ုပ္ရွင္မင္းသားေခ်ာတစ္ေယာက္ျဖစ္တဲ့ ခါရာကေတာ့ လက္ရွိအခ်ိန္မွာျမန္မာႏိုင္ငံရဲ႕မိန္းကေလးထုႀကီးအသဲႏွလုံးကို ဆုပ္ကိုင္ထားတဲ့ မင္းသားတစ္လက္လို႔ဆိုရမွာပါ။ ျမင့္မားတဲ့အရပ္အျပင္ ျမန္မာမင္းသားေတြထဲမွာ ရွားပါးတဲ့ေတာင့္တင္းတဲ့ ခႏၶာကိုယ္ကိုပါ ပိုင္ဆိုင္ထားသူတစ္ေယာက္ပါ။

ေမာ္လ္ဒယ္ဘဝနဲ႔ အႏုပညာေလာကကို ေျခခ်လာတာျဖစ္ၿပီး လက္ရွိအခ်ိန္မွာေတာ့ သ႐ုပ္ေဆာင္တစ္ေယာက္အေနနဲ႔ပါ ဇာတ္ကားေတြ ႐ိုက္လာတာျဖစ္ပါတယ္။

ခါရာဟာ ပထမဦးဆုံး ဇာတ္ေဆာင္မင္းသားအေနနဲ႔ “မ်က္ႏွာျပင္မ်ား” ဇာတ္ကားကို႐ိုက္ကူးခဲ့တာျဖစ္ၿပီး လက္ရွိထုတ္လႊင့္ျပသေနတဲ့ “လိပ္ျပာ-အမွန္တရားရဲ႕ဓားတစ္လက္”ဇာတ္လမ္းတြဲမွာလည္း ပန္းေရာင္ျခယ္နဲ႔အတူတူ တြဲဖက္သ႐ုပ္ေဆာင္ထားပါေသးတယ္။

႐ိုက္ကူးၿပီးစီးသြားၿပီျဖစ္တဲ့ “Love Equation” ဇာတ္ကားမွာလည္းပါဝင္ခဲ့ၿပီး သ႐ုပ္ေဆာင္ျမတ္ႏိုးေအးနဲ႔အတူ “ရင္ခုန္သံ ခုႏွစ္ဆယ့္ေလးရက္” ဇာတ္လမ္းတြဲႀကီးကိုလည္း ႐ိုက္ကူးေတာ့မွာျဖစ္ပါတယ္။

သူကေတာ့ သူ႔ကိုအားေပးတဲ့အမာခံပရိသတ္ေလးေတြကို Kharreans ေလးေတြကိုအၿမဲေခၚေလ့ရွိၿပီး ပရိသတ္ေတြကိုအေလးအနက္ထားသူတစ္ေယာက္ျဖစ္တာမို႔ အလႉဒါနအတူတူလုပ္ဖို႔လည္း အၿမဲစဥ္းစားေနခဲ့သူတစ္ေယာက္ပါ။ဒီေန႔မွာေတာ့ သူ႔ရဲ႕ဆႏၵေလးျပည့္ဝသြားၿပီလို႔ဆိုရမွာပါ။

အမာခံပရိသတ္ေလးေတြနဲ႔အတူ ေ႐ႊျပည္သာၿမိဳ႕နယ္၊ မဂၤလာသီရိဘုန္းႀကီးေက်ာင္းမွာ ေက်ာင္းျပင္ပ ပညာေရးသင္ၾကားေနတဲ့ကေလးေတြကို အလႉဒါနေလးသြားေရာက္လႉဒါန္းေပးခဲ့တာပဲ ျဖစ္ပါတယ္။ရင္ထဲကေမွ်ာ္မွန္းထားတဲ့ ဆႏၵေလးျပည့္သြားၿပီး ေပ်ာ္႐ႊင္ေနတဲ့ခါရာရဲ႕ ပုံရိပ္တစ္ခ်ိဳ႕ကို ဆယ္လီကမာၻပရိသတ္ႀကီးအတြက္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။

You May Also Like

About the Author: hanminhtet