ကျောင်းစာကို လက်တွေ့အသုံးချကာ လူပေါင်း ၁၀၀ ရဲ့ အသက်ကို ကယ်တင်ခဲ့တဲ့ ၁၀ နှစ် သမီး

(၂၀၀၄)ခုနှစ်ဒီဇင်ဘာ(၂၆)ရက်နေ့က အိန္ဒိယသမုဒ္ဒရာတွင်းပါဝင်နေတဲ့ အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းရဲ့အနောက်ဘက်ကမ်းရိုးတန်းဒေသ ကိုဗဟိုပြုပြီး ရစ်ချာစကေးပြင်းအား (၉.၁) ကနေ (၉.၃ )အကြား ရှိပြင်းထန်တဲ့ငလျင်ဒဏ် ကြောင့်အလွန်ကြီးမားတဲ့ ဆူနာမီလို့သိကြတဲ့အမြင့်ပေ(၅၀) ကနေ (၁၀၀)အကြား၊ အချို့နေရာတွေမှာဆိုရင် (၁၆၇)ပေလောက်မြင့်တဲ့ လှိုင်းလုံးကြီးတွေဖြစ်ပေါ်ခဲ့ပါတယ်။

ယင်းလှိုင်းလုံးကြီးတွေဟာ အင်ဒိုနီးရှား၊ ထိုင်း၊မြန်မာ၊အိန္ဒိယ၊မော်လဒိုက်၊သိရိလင်္ကာစတဲ့နိုင်ငံကမ်းခြေတွေကို ဝင်ရောက်ရိုက်ခတ် ခဲ့တာကြောင့် ယင်းကမ်းခြေတွေမှာလာရောက်အပန်းဖြေနေတဲ့ ဥရောပနိုင်ငံသားတွေ အပါအဝင် လူပေါင်း (၂၃၀၀၀၀)နီးပါးသေဆုံးခဲ့ရပါတဲ့အပြင် စုစုပေါင်းအဆောက်အအုံ ပစ္စည်းပျက်စီးမှုတန်ဖိုးဟာလည်း အမေရိကန်ဒေါ်လာ (၁၅)ဘီလီယံလောက်ကိုရှိခဲ့ပါ တယ်။

Flower

သေဆုံးသူအားလုံးရဲ့ (၃)ပုံ(၂)ပုံလောက်ဟာ ကလေးများဖြစ်တယ်လို့ ကယ်ဆယ်ရေး အေဂျင်စီတွေကနေ တစ်ဆင့်သိခဲ့ရပြီး အချို့နယ်မြေများမှာတော့ သေဆုံးတဲ့အမျိုးသမီးဦးရေဟာ အမျိုးသားတွေထက် (၄)ဆလောက်ပိုခဲ့တယ်လို့သိရပါတယ်။ ထိုင်းနိုင်ငံနဲ့အင်ဒိုနီးရှားကမ်းခြေတွေမှာသေဆုံးသူအများစုဟာ ဥရောပတိုက်သားတွေဖြစ်တယ်လို့သိရပြီး အထူးသဖြင့် စကင်ဒီနေဗီးယားနိုင်ငံများမှဖြစ်တယ်လို့သိရပါတယ်။

ခရစ်စမတ်လို အားလပ်ရက်ကာလအတွင်းနဲ့သွားရောက်တိုက်ဆိုင်ခဲ့တာကြောင့်နိုင်ငံခြားသားသေဆုံးမှုဟာ များပြားခဲ့တာဖြစ်ပါတယ်။ ယင်းဖြစ်စဉ်မှာကျွန်တော်တို့မြန်မာနိုင်ငံလည်းပါဝင်ခဲ့ရပြီး စာရင်းတွေအရတော့ သေဆုံးသူ(၆၁)ယောက် (အတည်ပြုနိုင်)၊ ဒဏ်ရာရသူ (၄၅) ယောက်၊ပျောက်ဆုံးသူ အယောက် (၂၀၀)နဲ့ အိုးမဲ့အိမ်မဲ့ဖြစ်သူ (၃၂၀၀)အထိရှိခဲ့တယ် လို့သိရပါတယ်။ အများစုကတော့ ဧရာဝတီတိုင်း၊ရခိုင်ပြည်နယ် နဲ့တနင်္သာရီတိုင်းတွင်း က ပင်လယ်ကမ်းခြေနေအိမ်ထောင်စုဝင်တွေဖြစ်ပါတယ်။

ယင်းဖြစ်စဉ်အတွင်းမှာပဲ Tilly Smith လို့အမည်ရတဲ့အင်္ဂလိပ်ကလေးငယ်တစ်ယောက်ရဲ့ သတိပေးမှုကြောင့် ထိုင်းနိုင်ငံ Maikhao ကမ်းခြေမှာအပန်းဖြေနေကြတဲ့နိုင်ငံခြားသား တွေအပါအဝင်လူ(၁၀၀)နီးပါးလောက်ဟာ အသက်ချမ်းသာရာရခဲ့ပါတယ်။ ယင်းအချိန် ကအသက်(၁၀)နှစ်အရွယ်သာရှိသေးတဲ့ Tilly Smith ဟာသူမရဲ့ပထဝီဝင်သင်ခန်းစာမှာ သင်ကြားခဲ့ရတဲ့ ငလျင်ကြီးတွေရဲ့နောက်ဆက်တွဲကနေ ပင်လယ်ရေပြင်အောက် ပြင်းထန်တဲ့ရိုက်ခတ်မှုတွေဖြစ်ပေါ်ကာ လှိုင်းလုံးကြီးတွေဖြစ်ပေါ်ပြီးနီးစပ်ရာကမ်းခြေဒေသ တွေကိုဖုံးလွှမ်းသွားတတ်တယ်ဆိုတဲ့ အသိကြောင့် အလျှင်အမြန်သတိပေးခဲ့တဲ့အတွက် ဆူနာမီလှိုင်းတွေကမ်းခြေကိုမဖုံးလွှမ်းခင် မိနစ်ပိုင်းအလိုမှာပဲ ခရီးသည်တစ်ရာနီးပါးဟာ ဘေးလွတ်ရာကိုသွားရောက်ကာ အသက်ရှင်ခွင့်ရခဲ့ပါတယ်။

Tilly Smith ဟာထိုင်းနိုင်ငံဖူးခက်ကျွန်းကို မိသားစုနဲ့အတူခရစ်စမတ် အားလပ်ရပ်ကာလအတွက် အပန်းဖြေခရီးထွက်လာခဲ့တာဖြစ်ပါတယ်။ ခရီးမထွက်ခင်(၂)ပတ် လောက်က သူမနေထိုင်ရာ အင်္ဂလန်နိုင်ငံ Oxshott မြို့က Danes Hill School မှာဆူနာမီရေလှိုင်းတွေနဲ့ပတ်သက်တဲ့ ပထဝီဝင် ဘာသာရပ်ကို ဆရာဖြစ်သူ Andrew Kearney ထံကနေသင်ယူလေ့လာခွင့်ရခဲ့ပါတယ်။

သင်ခန်းစာအတွင်းပါဝင်တဲ့ ဆူနာမီရေလှိုင်းကမ်းခြေကို ဝင်ရောက်မတိုက်ခတ်ခင်ရှေ့ပြေး ဖြစ်ပေါ်လေ့ရှိတဲ့ပင်လယ်ရေမျက်နှာပြင် အံသြလောက်အောင် ထိုးကျသွားတာတွေ၊ ငါးတွေသေတာတွေ၊ ရေမျက်နှာပြင်ပေါ်မှာ ပူစီဖောင်းတွေထလာတဲ့တာတွေကို မြင်တွေ့ပြီးတဲ့နောက် (၁၀)နှစ်သမီးလေး Tilly Smith ဟာ ဒီနေရာမှာတော့ ဆူနာမီလှိုင်းတွေကျရောက်တော့မယ်အမေရေ သမီးတို့ ဒီနေရာကနေခွာမှရတော့မယ် အချိန်မီမသွားရင် သမီးတို့အသက်ရှင်နိုင်မှာမဟုတ်တဲ့အကြောင်း အော်ဟစ်ပြောကြားခဲ့ပါတယ်။

မိဘတွေကတစ်ဆင့်အခြားသောအပန်းဖြေသူတွေကို ဆက်လက် သတိပေးခဲ့ပြီးနောက်မှာတော့ Tilly Smith တို့မိသားစုအပါအဝင် အခြားအပန်းဖြေသူ (၁၀၀)လောက်ဟာဘေးလွတ်ရာကို ဆူနာမီလှိုင်းမကျရောက်ခင် မိနစ်ပိုင်းအလိုမှာပဲ ရွေပြောင်းနိုင်ခဲ့ကြပါတယ်။ ဟိုတယ်ရဲ့အမြင့်ဆုံးနေရာကို တက်ရောက်ခဲ့ကြတာကြောင့် ဆူနာမီလှိုင်းကြီးတွေရောက်လာတဲ့အခါ လူရာနဲ့ချီပြီး အသက်ဘေးက လွတ်သွားခဲ့တယ်။ Tilly Smith တို့မိသားစုအပန်းဖြေနေတဲ့ ဖူးခက်ကျွန်းအတွင်းက Maikhao Beach ဟာဆူနာမီလှိုင်းရိုက်ခတ်မှုကြောင့် လူသေဆုံးမှုနည်းပါးတဲ့ ကမ်းခြေတွေအနက်က တစ်ခုဖြစ်ခဲ့ပါတယ်။

ယင်းသတင်းဟာ ကမ္ဘာကျော်သတင်းတစ်ခုဖြစ်ခဲ့ပြီး တစ်ကမ္ဘာလုံးက (၁၀)နှစ်အရွယ် ကလေးမလေး Tilly Smith ကိုဝိုင်းဝန်းချီးကျူးခဲ့ကြသလို ကမ္ဘာမီဒီယာတွေကလည်း Tilly Smithကို ကမ်းခြေစောင့်နတ်သမီးဆိုတဲ့အမည်ကို ပေးအပ်ဂုဏ်ပြုခဲ့ပါတယ်။ ဒါပေမဲ့ Tilly Smith ရဲ့မိဘတွေကတော့သူတို့ရဲ့ ကလေးကို စီးပွားရေးဆိုင်ရာမီဒီယာတွေသတင်းယူခွင့်၊အင်တာဗျူးခွင့်ကိုပိတ်ပင်ခဲ့ပါတယ်။

(၂၀၀၅)ခုနှစ်၊နိုဝင်ဘာရောက်ချိန်မှသာ Tilly Smith ဟာ UN ရဲ့ဆူနာမီပြန်လည်ထူထောင်ရေးဆိုင်ရာသံတမန် Bill Clinton နဲ့ ဖူးခတ်မှာကျင်းပတဲ့ဆူနာမီအောင်းမေ့ဖွယ် နေ့ပထမဆုံးအခမ်းအနားမှာတွေ့ဆုံကာ ပညာရေးကဏ္ဍရဲ့အရေးပါပုံသရုပ်ကိုဖော်ဆောင်ခဲ့ပါတယ်။ သူမဟာ (၂၀၀၅)ခုနှစ်၊ဒီဇင်ဘာမှာတော့ ပြင်သစ်မဂ္ဂဇင်း Mon Quotidiean ကနေပေး အပ်တဲ့ Child of the Year ဆုအပြင်များစွာသောဂုဏ်ပြုဆုတံဆိပ်များကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ယခု သူမအသက် ၂၅ နှစ်ပြည့်တဲ့အခါ ထိုင်းနိုင်ငံကို နောက်ထပ်တခေါက်လည်ပတ်ရင်း အသိပညာရဲ့တန်ဖိုးဟာ အလွန်ကြီးမားပါတယ်လို့ ပြောခဲ့ပါတယ်။

Zawgyi

(၂၀၀၄)ခုႏွစ္ဒီဇင္ဘာ(၂၆)ရက္ေန႔က အိႏၵိယသမုဒၵရာတြင္းပါဝင္ေနတဲ့ အင္ဒိုနီးရွားႏိုင္ငံ ဆူမားၾတားကြၽန္းရဲ႕အေနာက္ဘက္ကမ္း႐ိုးတန္းေဒသ ကိုဗဟိုျပဳၿပီး ရစ္ခ်ာစေကးျပင္းအား (၉.၁) ကေန (၉.၃ )အၾကား ရွိျပင္းထန္တဲ့ငလ်င္ဒဏ္ ေၾကာင့္အလြန္ႀကီးမားတဲ့ ဆူနာမီလို႔သိၾကတဲ့အျမင့္ေပ(၅၀) ကေန (၁၀၀)အၾကား၊ အခ်ိဳ႕ေနရာေတြမွာဆိုရင္ (၁၆၇)ေပေလာက္ျမင့္တဲ့ လႈိင္းလုံးႀကီးေတြျဖစ္ေပၚခဲ့ပါတယ္။

ယင္းလႈိင္းလုံးႀကီးေတြဟာ အင္ဒိုနီးရွား၊ ထိုင္း၊ျမန္မာ၊အိႏၵိယ၊ေမာ္လဒိုက္၊သိရိလကၤာစတဲ့ႏိုင္ငံကမ္းေျခေတြကို ဝင္ေရာက္႐ိုက္ခတ္ ခဲ့တာေၾကာင့္ ယင္းကမ္းေျခေတြမွာလာေရာက္အပန္းေျဖေနတဲ့ ဥေရာပႏိုင္ငံသားေတြ အပါအဝင္ လူေပါင္း (၂၃၀၀၀၀)နီးပါးေသဆုံးခဲ့ရပါတဲ့အျပင္ စုစုေပါင္းအေဆာက္အအုံ ပစၥည္းပ်က္စီးမႈတန္ဖိုးဟာလည္း အေမရိကန္ေဒၚလာ (၁၅)ဘီလီယံေလာက္ကိုရွိခဲ့ပါ တယ္။

ေသဆုံးသူအားလုံးရဲ႕ (၃)ပုံ(၂)ပုံေလာက္ဟာ ကေလးမ်ားျဖစ္တယ္လို႔ ကယ္ဆယ္ေရး ေအဂ်င္စီေတြကေန တစ္ဆင့္သိခဲ့ရၿပီး အခ်ိဳ႕နယ္ေျမမ်ားမွာေတာ့ ေသဆုံးတဲ့အမ်ိဳးသမီးဦးေရဟာ အမ်ိဳးသားေတြထက္ (၄)ဆေလာက္ပိုခဲ့တယ္လို႔သိရပါတယ္။ ထိုင္းႏိုင္ငံနဲ႔အင္ဒိုနီးရွားကမ္းေျခေတြမွာေသဆုံးသူအမ်ားစုဟာ ဥေရာပတိုက္သားေတြျဖစ္တယ္လို႔သိရၿပီး အထူးသျဖင့္ စကင္ဒီေနဗီးယားႏိုင္ငံမ်ားမွျဖစ္တယ္လို႔သိရပါတယ္။

ခရစ္စမတ္လို အားလပ္ရက္ကာလအတြင္းနဲ႔သြားေရာက္တိုက္ဆိုင္ခဲ့တာေၾကာင့္ႏိုင္ငံျခားသားေသဆုံးမႈဟာ မ်ားျပားခဲ့တာျဖစ္ပါတယ္။ ယင္းျဖစ္စဥ္မွာကြၽန္ေတာ္တို႔ျမန္မာႏိုင္ငံလည္းပါဝင္ခဲ့ရၿပီး စာရင္းေတြအရေတာ့ ေသဆုံးသူ(၆၁)ေယာက္ (အတည္ျပဳႏိုင္)၊ ဒဏ္ရာရသူ (၄၅) ေယာက္၊ေပ်ာက္ဆုံးသူ အေယာက္ (၂၀၀)နဲ႔ အိုးမဲ့အိမ္မဲ့ျဖစ္သူ (၃၂၀၀)အထိရွိခဲ့တယ္ လို႔သိရပါတယ္။ အမ်ားစုကေတာ့ ဧရာဝတီတိုင္း၊ရခိုင္ျပည္နယ္ နဲ႔တနသၤာရီတိုင္းတြင္း က ပင္လယ္ကမ္းေျခေနအိမ္ေထာင္စုဝင္ေတြျဖစ္ပါတယ္။

ယင္းျဖစ္စဥ္အတြင္းမွာပဲ Tilly Smith လို႔အမည္ရတဲ့အဂၤလိပ္ကေလးငယ္တစ္ေယာက္ရဲ႕ သတိေပးမႈေၾကာင့္ ထိုင္းႏိုင္ငံ Maikhao ကမ္းေျခမွာအပန္းေျဖေနၾကတဲ့ႏိုင္ငံျခားသား ေတြအပါအဝင္လူ(၁၀၀)နီးပါးေလာက္ဟာ အသက္ခ်မ္းသာရာရခဲ့ပါတယ္။ ယင္းအခ်ိန္ ကအသက္(၁၀)ႏွစ္အ႐ြယ္သာရွိေသးတဲ့ Tilly Smith ဟာသူမရဲ႕ပထဝီဝင္သင္ခန္းစာမွာ သင္ၾကားခဲ့ရတဲ့ ငလ်င္ႀကီးေတြရဲ႕ေနာက္ဆက္တြဲကေန ပင္လယ္ေရျပင္ေအာက္ ျပင္းထန္တဲ့႐ိုက္ခတ္မႈေတြျဖစ္ေပၚကာ လႈိင္းလုံးႀကီးေတြျဖစ္ေပၚၿပီးနီးစပ္ရာကမ္းေျခေဒသ ေတြကိုဖုံးလႊမ္းသြားတတ္တယ္ဆိုတဲ့ အသိေၾကာင့္ အလွ်င္အျမန္သတိေပးခဲ့တဲ့အတြက္ ဆူနာမီလႈိင္းေတြကမ္းေျခကိုမဖုံးလႊမ္းခင္ မိနစ္ပိုင္းအလိုမွာပဲ ခရီးသည္တစ္ရာနီးပါးဟာ ေဘးလြတ္ရာကိုသြားေရာက္ကာ အသက္ရွင္ခြင့္ရခဲ့ပါတယ္။

Tilly Smith ဟာထိုင္းႏိုင္ငံဖူးခက္ကြၽန္းကို မိသားစုနဲ႔အတူခရစ္စမတ္ အားလပ္ရပ္ကာလအတြက္ အပန္းေျဖခရီးထြက္လာခဲ့တာျဖစ္ပါတယ္။ ခရီးမထြက္ခင္(၂)ပတ္ ေလာက္က သူမေနထိုင္ရာ အဂၤလန္ႏိုင္ငံ Oxshott ၿမိဳ႕က Danes Hill School မွာဆူနာမီေရလႈိင္းေတြနဲ႔ပတ္သက္တဲ့ ပထဝီဝင္ ဘာသာရပ္ကို ဆရာျဖစ္သူ Andrew Kearney ထံကေနသင္ယူေလ့လာခြင့္ရခဲ့ပါတယ္။ သင္ခန္းစာအတြင္းပါဝင္တဲ့ ဆူနာမီေရလႈိင္းကမ္းေျခကို ဝင္ေရာက္မတိုက္ခတ္ခင္ေရွ႕ေျပး ျဖစ္ေပၚေလ့ရွိတဲ့ပင္လယ္ေရမ်က္ႏွာျပင္ အံၾသေလာက္ေအာင္ ထိုးက်သြားတာေတြ၊ ငါးေတြေသတာေတြ၊ ေရမ်က္ႏွာျပင္ေပၚမွာ ပူစီေဖာင္းေတြထလာတဲ့တာေတြကို ျမင္ေတြ႕ၿပီးတဲ့ေနာက္ (၁၀)ႏွစ္သမီးေလး Tilly Smith ဟာ ဒီေနရာမွာေတာ့ ဆူနာမီလႈိင္းေတြက်ေရာက္ေတာ့မယ္အေမေရ သမီးတို႔ ဒီေနရာကေနခြာမွရေတာ့မယ္ အခ်ိန္မီမသြားရင္ သမီးတို႔အသက္ရွင္ႏိုင္မွာမဟုတ္တဲ့အေၾကာင္း ေအာ္ဟစ္ေျပာၾကားခဲ့ပါတယ္။

မိဘေတြကတစ္ဆင့္အျခားေသာအပန္းေျဖသူေတြကို ဆက္လက္ သတိေပးခဲ့ၿပီးေနာက္မွာေတာ့ Tilly Smith တို႔မိသားစုအပါအဝင္ အျခားအပန္းေျဖသူ (၁၀၀)ေလာက္ဟာေဘးလြတ္ရာကို ဆူနာမီလႈိင္းမက်ေရာက္ခင္ မိနစ္ပိုင္းအလိုမွာပဲ ေ႐ြေျပာင္းႏိုင္ခဲ့ၾကပါတယ္။ ဟိုတယ္ရဲ႕အျမင့္ဆုံးေနရာကို တက္ေရာက္ခဲ့ၾကတာေၾကာင့္ ဆူနာမီလႈိင္းႀကီးေတြေရာက္လာတဲ့အခါ လူရာနဲ႔ခ်ီၿပီး အသက္ေဘးက လြတ္သြားခဲ့တယ္။ Tilly Smith တို႔မိသားစုအပန္းေျဖေနတဲ့ ဖူးခက္ကြၽန္းအတြင္းက Maikhao Beach ဟာဆူနာမီလႈိင္း႐ိုက္ခတ္မႈေၾကာင့္ လူေသဆုံးမႈနည္းပါးတဲ့ ကမ္းေျခေတြအနက္က တစ္ခုျဖစ္ခဲ့ပါတယ္။

ယင္းသတင္းဟာ ကမာၻေက်ာ္သတင္းတစ္ခုျဖစ္ခဲ့ၿပီး တစ္ကမာၻလုံးက (၁၀)ႏွစ္အ႐ြယ္ ကေလးမေလး Tilly Smith ကိုဝိုင္းဝန္းခ်ီးက်ဴးခဲ့ၾကသလို ကမာၻမီဒီယာေတြကလည္း Tilly Smithကို ကမ္းေျခေစာင့္နတ္သမီးဆိုတဲ့အမည္ကို ေပးအပ္ဂုဏ္ျပဳခဲ့ပါတယ္။ ဒါေပမဲ့ Tilly Smith ရဲ႕မိဘေတြကေတာ့သူတို႔ရဲ႕ ကေလးကို စီးပြားေရးဆိုင္ရာမီဒီယာေတြသတင္းယူခြင့္၊အင္တာဗ်ဴးခြင့္ကိုပိတ္ပင္ခဲ့ပါတယ္။

(၂၀၀၅)ခုႏွစ္၊ႏိုဝင္ဘာေရာက္ခ်ိန္မွသာ Tilly Smith ဟာ UN ရဲ႕ဆူနာမီျပန္လည္ထူေထာင္ေရးဆိုင္ရာသံတမန္ Bill Clinton နဲ႔ ဖူးခတ္မွာက်င္းပတဲ့ဆူနာမီေအာင္းေမ့ဖြယ္ ေန႔ပထမဆုံးအခမ္းအနားမွာေတြ႕ဆုံကာ ပညာေရးက႑ရဲ႕အေရးပါပုံသ႐ုပ္ကိုေဖာ္ေဆာင္ခဲ့ပါတယ္။ သူမဟာ (၂၀၀၅)ခုႏွစ္၊ဒီဇင္ဘာမွာေတာ့ ျပင္သစ္မဂၢဇင္း Mon Quotidiean ကေနေပး အပ္တဲ့ Child of the Year ဆုအျပင္မ်ားစြာေသာဂုဏ္ျပဳဆုတံဆိပ္မ်ားကို ပိုင္ဆိုင္ႏိုင္ခဲ့ပါတယ္။ ယခု သူမအသက္ ၂၅ ႏွစ္ျပည့္တဲ့အခါ ထိုင္းႏိုင္ငံကို ေနာက္ထပ္တေခါက္လည္ပတ္ရင္း အသိပညာရဲ႕တန္ဖိုးဟာ အလြန္ႀကီးမားပါတယ္လို႔ ေျပာခဲ့ပါတယ္။

Flower

You May Also Like

About the Author: hanminhtet