ကျပ်သိန်းပေါင်း ၁၆၀၀၀ ကျော်လှူခဲ့ပြီး တစ်ရွာလုံး မီးခိုးတိတ် ၁၀ ရက်တိတိ ဘူဖေးကျွေးခဲ့တဲ့ မြန်မာ့သူဌေးကြီး

မြန်မာလူမျိုးတွေဟာ အလှူအတန်းရက်ရောတဲ့နေရာမှာ ကမ္ဘာမှာ နံပါတ် ၁ ဖြစ်ပါတယ် ခုလည်းပဲ ကျပ်သိန်းပေါင်း ၁၆၀၀၀ ကျော်လှူခဲ့တဲ့ မြန်မာ့သူဌေးကြီးအကြောင်းဟာလည်း လူမှုကွန်ရက်မှာ နာမည်ကြီးနေပါတယ်


စစ်ကိုင်းမြို့နယ် တောင်ကြားကျေးရွာမှာနေတဲ့ အလှူဒါယကာဦးကံဆင့်နဲ့ အလှူဒါယိကာမဒေါ်ချောအိဝင်း မိသားစုတို့ဟာ ရှင်အပါး(၂၆ဝဝ) အလှူတော်မင်္ဂလာနဲ့ ကျောင်းလွှတ်ပူဇာ ဓမ္မာရုံ လျှပ်စစ်မီး ရေတွင်း ရေကန်ဘုရား သိမ်ကျောင်းစတာတွေကို လှူဒါန်းခဲ့ပါတယ်


ဒါတင်မကသေးပဲ ဆရာတော်ကြီးများရဲ့ တရားပွဲကြီးတွေကို ၇ ညတိတိ တစ်ရွာလုံး မီးခိုးတိတ် (၁ဝ) ရက်တိတိ ထမင်းကျွေးလှူခဲ့ပါတယ်ဒါ့အပြင် (ဆိုင်း) စိန်တင့်လွင် (ဘိသိတ်) ဦးမိုးဒီနှင့် ဦးကောင်းစံခြင်းလုံးအလှပြ တစ်ကိုယ်တော်စာဥ(အမရပူရ) တက္ကသိုလ်အေးစုကျော် စောင်းအဖွဲ့ (မန္တလေး) ညပိုင်းဖျော်ဖြေမှု ဖိုက်စတား အငြိမ့်နဲ့ ပဲ ဖျော်ဖြေပေးခဲ့တာပါ

Flower


ပီးတော့ ရွှေမိုး ငွေမိုး ကျပ်သိန်းတစ်ရာကျော် ရွာသွန်းခဲ့ပြီး ဆင် မြင်း လှည်းယဉ်တော်များနဲ့ အလှူတော်လှည့်ခဲ့ပါတယ်ဒီလို အားကျဖွယ် အလှူကြီး လုပ်တဲ့ မြင်ကွင်းပုံရိပ်တွေကိုလည်း ပရိသတ်ကြီးတို့ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်နိုင်အောင် ပြန်လည်မျှဝေပေးလိုက်ရပါတယ်နော်…

Flower

You May Also Like

About the Author: hanminhtet