ကိုယ်ဝန်ဆောင်တုန်းက ကောင်းကောင်းမပြုစုခဲ့တဲ့ ဒဏ်တွေ ကလေးက ခုခံစားနေရတယ် လို့ သားလေးအကြောင်းပြောလာတဲ့ ခိုင်နှင်းဝေ

နိုင်ငံကျော်သရုပ်ဆောင် ခိုင်နှင်းဝေ ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ အနုပညာရှင်တစ်ဦးပါ။ သူမက အနုပညာကို ကြိုးစားလုပ်ရင်း မိသားစုနဲ့ အတူ ဘဝကိုအေးချမ်းစွာဖြတ်သန်းနေသူလေးပဲဖြစ်ပါတယ်။


ခိုင်နှင်းဝေက သူမဦးဆောင် တဲ့ ပရဟိတအဖွဲ့ လေးနဲ့ ပြည်သူလူထု အကျိုး မရှိဆင်းရဲသားတွေ အတွက် ပရဟိတအလှူများစွာကို လုပ်ကိုင်းနိုင်တဲ့ စံပြမင်းသမီးတစ်ဦး ဆိုလည်း မမှားပါဘူး ။


ခိုင်နှင်းဝေက ခုဆိုရင် မိဘမဲ့ ကလေးများကိုလည်း ပြုစုစောင့်ရှောက်တဲ့ မွန်မြတ်တဲ့ အလုပ်တွေကို လုပ်ကိုင်နေသူပဲဖြစ်ပါတယ်။ လက်ရှိမှာလည်း ခိုင်နှင်းဝေက သူ့ရဲ့ မွေးစားထားတဲ့ သမီးလေးကို သဲသဲလှုပ်ချစ်နေတာပါ။ ကိုယ်တိုင်မွေးထားတာ မဟုတ်ပေမယ့် သူ့ရဲ့ သွေးသားအရင်းလိုပဲ မိခင်မေတ္တာအပြည့်အဝ ပေးပြီး သမီးလေးကို ပြုစုစောင့်ရှောက်နေတာပါ။

Flower


ခိုင်နှင်းဝေ ပြုစုစောင့်ရှောက်ထားတဲ့ ကလေးတွေ ထဲမှ သားလေး ခိုင်ညီညာမောင် က အစားစားမရဘဲ နို့ကို ပိုက်နဲ့သွင်းထားရတယ်လို့ ဆေးရုံတင်ထားရတဲ့ အကြောင်းကို ခုလို ပြောထားပါတယ်။


ခိုင်နှင်းဝေ က ” သားသား ခိုင်ညီညာမောင် လေး အစာမချက်နိုင် နို့သောက်ရင်နို့အန်တယ်..ဆေးရုံမှာ နို့ကို ပိုက်နဲ့သွင်းရတယ်.. အသက်က ၂ လ မပြည့်သေးဘူး.ကိုယ်ဝန်ကောင်းကောင်းမစောင့်ရှောက်ထားတဲ့ ဒဏ်တွေက ကလေးပဲခံရတယ်.ကျမဆီရောက်တော့ ကျမသားပေါ့.ခုဆေးရုံ တက်တာ ၁၁ ရှိနေပြီ.. ခုတော့ ဆေးပိုက်တွေဖြုတ်လိုက်ပြီတဲ့. အစာအိမ် အသားစစ်ရအုံးမယ်..နို့ကစို့နိုင်ပေမဲ့ ပြန်အန်နေတာ ကြောင့် အဖြေကခုထိမသိရသေးဘူး.. သားလေး အမြန် နေကောင်းကျန်းမာပါစေ…ကလေးတွေအတွက် ဆေးပဒေသာပင်တွေလှူပေးထားတဲ့ အတွက် ကလေးတွေကျန်းမာရေး စောင့်ရှောက်နိုင်လို့ အလှူရှင်များကိုကျေးဇူးတင်ပါတယ်ရှင်  ဆိုပြီးပြောထားပါတယ်။

Flower

You May Also Like

About the Author: hanminhtet