ကိုယ့်ကိုယ်ကို ဂိုး ၁၀၀ ပြည့်တာတောင် မသိတဲ့ ဆာဒိယို မာနေး

လီဗာပူးဟာ မနေ့ညက ကာရိုးရုတ်မှာ နော့ဝှစ်ကို ပွတ်ကာသီကာ အနိုင် ရရှိခဲ့ပြီး ပရီးမီးယားလိဂ် ဖလား ကို လက်ဝယ် ပိုင်ဆိုင်ဖို့ နောက်ထပ် နိုင်ပွဲ ၅ ပွဲ အလိုကို ရောက်သွား ခဲ့ပါတယ်။ လီဗာပူး အသင်းဟာ ပွဲအစ ကတည်း ဂိုးရဖို့ အတွက် နော့ဝှစ်ကို ဖိကစား သွားခဲ့ပြီး အိမ်ရှင် အသင်း ကတော့ တန်ပြန် တိုက်စစ် နဲ့ လီဗာပူး ရဲ့ high defensive line ကို ကျော်ကာ တိုက်စစ်ဆင် ကစား သွားဖို့ပဲ အဓိက ကစား သွားခဲ့ပါတယ်။

Flower

မာနေးရဲ့ အမူအယာကိုကြည့်ပြီး လီဗာပူးကစားသမားဟောင်း ရက်ဒ်နက်က နှိမ့်ချတတ်တဲ့ သူရဲကောင်းလို့ တင်စားခဲ့ပါတယ်။

နောဝှစ်ကို ၁-၀ နဲ့ နိုင်ခဲ့တဲ့ပွဲမှာ အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးသွင်းခဲ့တဲ့ ဆာဒီယိုမာနေးဟာ လီဗာပူးနဲ့အတူ အင်္ဂလိပ်ဘောလုံးလောက သွင်းဂိုး ၁၀၀ ပြည့်သွားခဲ့ပါပြီ။

ဒါပေမယ့်လည်း ပွဲပြီးဆုံးချိန်မှာတော့ Sky Sports က မေးမြန်းခဲ့တဲ့အပေါ်မှာတော့ ဟုတ်လား သိတောင်မသိဘူး၊ ကျေးဇူးတင်ပါတယ်လို့ ပြန်ဖြေသွားခဲ့တာပါ။

ဒီအပေါ်မှာ Sky Sports သတင်းထောက်က မေးရာမှာတော့ -“ တကယ်ကြီးလားဗျ၊ အို့ဝ် ကျေးဇူးတင်ပါတယ်ဗျာ၊ ကစားသမားတိုင်း ဖြစ်ချင်ကြတဲ့ အရာဆိုတော့ လွယ်တော့မလွယ်ပါဘူး။

ဒီလို အခြေအနေတစ်ခု ရဖို့။ကျွန်တော် က ကုသမှု အချိန်တစ်ခုအောက်ကနေ ရုန်းထွက်လာပြီး ပြင်းပြင်းထန်ထန်လေ့ကျင့်ရင်း အခုလို ဂိုးသွင်းနိုင်ခဲ့လို့ ပျော်နေတာပါ။ဒါထက် ကျွန်တော်တို့အားလုံးက လီဗာပူးတွေပါ၊ ရလဒ်ကောင်းရလို့သာ ပျော်ရပါတယ်။”လို့ မာနေးက ပြန်ဖြေခဲ့တာပါ။

ဆာဒီယို မာနေး က သူ အာဖရိကတိုက်ရဲ့ အကောင်းဆုံး ကစားသမား ဖြစ်လာရာ လမ်းကြောင်းမှာ သူ့အတွက် အဓိက တွန်အားတွေကို ထုတ်ဖော် သွားခဲ့ပါတယ်။

မာနေး ဟာ ပြီးခဲ့တဲ့ ရာသီက လီဗာပူး နဲ့ အတူ ချန်ပီယံလိဂ်ဖလား ၊ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုတွေ ဆွတ်ခူး ထားနိုင်ခဲ့တဲ့ အပြင် ဒီရာသီ မှာလည်း စူပါဖလား ၊ ကလပ် ကမ္ဘာ့ဖလား တွေကို သိမ်းပိုက် နိုင်ခဲ့တာကြောင့် အောင်မြင်တဲ့ နှစ်တစ်နှစ်ကို ပိုင်ဆိုင် နိုင်ခဲ့ပါတယ်။

Zawgyi









You May Also Like

About the Author: hanminhtet