ကာရိုက်တာပီပြင်အောင်ရိုက်ကူးရင်း ပေါင်ချိန်(၁၅)ပေါင်ထိတက်သွားတယ်ဆိုတဲ့ ခင်သဇင်

လေယာဉ်မယ်ဘဝကနေ အနုပညာလောကထဲသို့ ဝင်ရောက်လာတဲ့အပြင် ပရိသတ်တွေရဲ့အချစ်ကို ခံရတဲ့ မင်းသမီးချောလေး ခင်သဇင်ပဲဖြစ်ပါတယ်။ ခင်သဇင်ကတော့ ဇာတ်ကားတွေရဲ့ ကာရိုက်တာကိုပီပြင်အောင်ရိုက်ကူးနိုင်တဲ့ မင်းသမီးတစ်လက်ဆိုလည်း မမှားလောက်ပါဘူးနော်။ သူမဟာဆိုရင် အနုပညာလုပ်ငန်းအပြင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလည်း လုပ်ကိုင်ကာအောင်မြင်နေတဲ့သူတစ်ဦးပဲဖြစ်ပါတယ်။

သူမရဲ့ရသမျှချွေးနှဲစာထဲကနေ လိုအပ်နေတဲ့သူတွေကို လှူဒါန်းခဲ့တဲ့ မှတ်တမ်းပုံရိပ်လေးတွေနဲ့ ရိုက်ကူးရေးနောက်ကွယ်ကအမှတ်တဏအကြောင်းလေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ အခုလတ်တလောရဲ့ MRTV-4ရုပ်သံဇာတ်လမ်းတွဲမှာပြသနေတဲ့ “အချစ်ဖွဲ့လေညင်း”ဇာတ်ကားထဲက မိုးကလျာကာရိုက်တာအဖြစ်သရုပ်ဆောင်ခဲ့စဉ်က “ပြောပါဦး ..မိုးကလျာcharacter က အပြင်က ခင်သဇင် နဲ့ လားလားမှ မဆိုင် ..
တစ်ကားလုံး စိတ်ပုတ်နိုင်ဖို့ mood တွေ အသေထည့်ပြီး သရုပ်ဆောင်ရတော့ stress တွေများ ပြီး အစားတွေ နင်းကန်စားတာအချစ်ဖွဲ့လေညင်း ရိုက်ရင်း (၁၅) ပေါင် တက်သွားတဲ့ အကြောင်းလေး”ကို သူမရဲ့ပုံရိပ်လေးတွေနဲ့ ရေးသားဖော်ပြထားတာပဲဖြစ်ပါတယ်။

ပရိသတ်တွေအတွက် ခင်သဇင်ကတော့ ပေါင်ချိန်(၁၅)ပေါင်တိုးသွားတဲ့အကြောင်းလေးကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးကလည်း မိုးကလျာကာရိုက်တာလေးကို သဘောကျနှစ်သက်မယ်လို့ ထင်ပါတယ်။

You May Also Like

About the Author: hanminhtet

Leave a Reply

Your email address will not be published. Required fields are marked *