ကာမလိမ်လည်မှု မမြောက်ဘူးလို့ သုံးသပ်ခံရတာ လုံးဝမကျေနပ်ဘူးဆိုတဲ့ ခင်မြတ်နိုး

ရုပ်ရှင်သရုပ်ဆောင်မိုးအောင်ရင်ကို သူ့ရဲ့အရင်ကချစ်သူကောင်မလေး ခင်မြတ်နိုးက ကာမလိမ်လည်မှုနဲ့ တရားစွဲဆိုထားတာကို အားလုံးပဲ သိကြပြီဖြစ်မှာပါ။ ဒီနေ့မှာတော့ မိုးအောင်ရင်အမှုရဲ့ ရုံးချိန်းကိုထပ်မံပြုလုပ်ခဲ့ပြီး စစ်ဆေးခဲ့ပါတယ်။ ရုံးတော်ရဲ့ အမှုကိုစစ်ဆေးနေမှုနဲ့ အမှုရဲ့အခြေအနေကို ခင်မြတ်နိုးက မီဒီယာတွေနဲ့ အင်တာဗျူးမှာ ပြောပြသွားခဲ့ပါတယ်။

ခင်မြတ်နိုးက လက်ရှိ ရုံးချိန်းနဲ့ပက်သက်ပြီး အမှုအခြေအနေကို “ရုံးချိန်ကို 28 ရက်နေ့ပြန်ချိန်းတယ်ပေါ့။ ဒီလောက်ပါပဲ။ ဟုတ်”လို့ ပြောပြထားပြီး သက်သေတွေတင်သွင်းခဲ့ကြောင်းကိုတော့ “သက်သေခံကတော့ သူက ကိုယ်တွေကို ဆယ်လီကမ္ဘာမှာ စွပ်စွဲထားတဲ့ဟာကို တင်တယ်ပေါ့နော်။ပြီးတော့ သူပြန်တောင်းပန်ထားတဲ့ အသံဖိုင်ပို့ထားတဲ့ဟာကိုတင်တယ်။ ဒီလောက်ပါပဲ”လို့ ဖြေကြားထားပါတယ်။ လက်ရှိအမှုအခြေအနေနဲ့ပတ်သက်ပြီး “သူတို့လည်း ငြင်းပိုင်ခွင့်ရှိတယ်ဆိုတော့ ညီမလည်း မပြောတတ်ဘူး”လို့ ဖြေထားပါတယ်။

Flower

ခင်မြတ်နိုးက အမှုနဲ့ပတ်သက်ပြီး သိပ်တော့အားမရကြောင်း “သိပ်တော့အားမရဘူး။ ကိုယ်ကတော့ အမှန်အတိုင်း ကိုယ်တင်တယ်။ ဒါပေမယ့် ကိုယ်တွေကလည်း ဥပဒေကြောင်းအရ တိတိကျကျ ရေရေရာရာ သိပ်မသိဘူးလေ။ လိုအပ်တာတွေလည်းနည်းနည်းပါးပါးတော့ရှိမယ်ပေါ့”လို့ ပြောထားပြီး တစ်ဖက်ရှေ့နေရဲ့ ကာမလိမ်လည်မှုမမြောက်ဘူးလို့ သုံးသပ်မှုကိုလုံးဝမကျေနပ်ဘူးလို့လည်း “လုံးဝမကျေနပ်ဘူး။ တကယ်တမ်းသာဆိုရင် သူတို့မေးတဲ့ မေးခွန်းအရ ဘယ်လိုခေါ်လဲ ထုံးတမ်းစဉ်လာအရ ဒီဟာက လင်မယားဖြစ်တယ်လို့ပြောတယ်။ တကယ်တမ်း လင်မယားသာဆိုရင် အတွဲတွေအများကြီးပဲ လက်မှတ်မထိုးပဲ လင်မယားဖြစ်နေမှာပဲလေ။ စာရွက်စာတမ်းနဲ့ တိတိကျကျ လက်မှတ်ထိုးထားမှသာ တရားဝင်အကြင်လင်မယားမြောက်တယ်လို့ ဥပဒေရှိတယ်လေ။ ညီမကတော့ အဲဒီဥပဒေကိုပဲသိထားတယ်”လို့ ဖြေကြားထားပါတယ်။

ခင်မြတ်နိုးက ရှေ့လျှောက် အမှုနဲ့ ပတ်သက်ပြီး တတ်နိုင်တာအကုန်လုပ်မယ်လို့လည်း ပြောထားပါသေးတယ်။ပရိသတ်ကြီးရော လက်ရှိမှာ တစ်ဖက်ရှေ့နေက ကာမလိမ်လည်မှုမမြောက်ဘူးလို့ သုံးသပ်ခံထားရတဲ့ မိုးအောင်ရင်ရဲ့ အမှုက ဘယ်လိုဆက်ဖြစ်သွားမယ်ထင်ကြလဲ။ ထင်မြင်ချက်လေးတွေဝေမျှခဲ့ကြပါဦး။

Flower

You May Also Like

About the Author: hanminhtet