“ ကျောင်းပြင်ပ ပညာသင်ကြားနေတဲ့ကလေးတွေအတွက် သွားရောက်လှူဒါန်းပေးခဲ့တဲ့ ခါရာ”

ရုပ်ရှင်မင်းသားချောတစ်ယောက်ဖြစ်တဲ့ ခါရာကတော့ လက်ရှိအချိန်မှာမြန်မာနိုင်ငံရဲ့မိန်းကလေးထုကြီးအသဲနှလုံးကို ဆုပ်ကိုင်ထားတဲ့ မင်းသားတစ်လက်လို့ဆိုရမှာပါ။ မြင့်မားတဲ့အရပ်အပြင် မြန်မာမင်းသားတွေထဲမှာ ရှားပါးတဲ့တောင့်တင်းတဲ့ ခန္ဓာကိုယ်ကိုပါ ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ မော်လ်ဒယ်ဘဝနဲ့ အနုပညာလောကကို ခြေချလာတာဖြစ်ပြီး လက်ရှိအချိန်မှာတော့ သရုပ်ဆောင်တစ်ယောက်အနေနဲ့ပါ ဇာတ်ကားတွေ ရိုက်လာတာဖြစ်ပါတယ်။ ခါရာဟာ ပထမဦးဆုံး ဇာတ်ဆောင်မင်းသားအနေနဲ့ “မျက်နှာပြင်များ” ဇာတ်ကားကိုရိုက်ကူးခဲ့တာဖြစ်ပြီး လက်ရှိထုတ်လွှင့်ပြသနေတဲ့ “လိပ်ပြာ-အမှန်တရားရဲ့ဓားတစ်လက်”ဇာတ်လမ်းတွဲမှာလည်း ပန်းရောင်ခြယ်နဲ့အတူတူ တွဲဖက်သရုပ်ဆောင်ထားပါသေးတယ်။ ရိုက်ကူးပြီးစီးသွားပြီဖြစ်တဲ့ “Love Equation” ဇာတ်ကားမှာလည်းပါဝင်ခဲ့ပြီး သရုပ်ဆောင်မြတ်နိုးအေးနဲ့အတူ “ရင်ခုန်သံ ခုနှစ်ဆယ့်လေးရက်” ဇာတ်လမ်းတွဲကြီးကိုလည်း ရိုက်ကူးတော့မှာဖြစ်ပါတယ်။ သူကတော့ သူ့ကိုအားပေးတဲ့အမာခံပရိသတ်လေးတွေကို Kharreans…

Read More »

“အက်စတာရဲ့ လက်တွေ့ဘဝနေထိုင်မှုပုံစံလေးကို ပြောပြလာတဲ့ အဆိုတော်ချမ်းချမ်း”

ချမ်းချမ်းကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေရရှိနေတဲ့ အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။အသံပါဝါကောင်းကောင်းနဲ့ သီချင်းတွေကို ခံစားချက်အပြည့်နဲ့ သီဆိုတတ်တဲ့ အဆိုတော်မလေး ချမ်းချမ်းကတော့ သူမရဲ့အနုပညာကြောင့်ရော သူမရဲ့ပြတ်သားတဲ့ စိတ်ထားလေးကြောင့်ပါ ပရိသတ်တွေရဲ့ချစ်ခင်အားပေးခြင်းကို အပြည့်အဝရရှိထားသူတစ်ဦးပါ။ အိမ်ထောင်ရေးနဲ့ပတ်သက်လို့ ကံမကောင်းတဲ့ ချမ်းချမ်းကတော့ လက်ရှိမှာ သူရဲ့သမီးလေးရယ်နဲ့အတူပျော်ပျော်ရွှင်ရွှင်နဲ့ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေပါတယ်။ နိုင်ငံကျော်အဆိုတော်ချမ်းချမ်းကတော့ Myanmar Idol Season(4) ပြိုင်ပွဲကြီး Winner ဆုရှင် အက်စတာဒေါ့သ်ချင်းဆုန်နဲ့ အပြင်မှာဆုံခဲ့ရပြီး အက်စတာရဲ့ လက်တွေ့ဘဝနေထိုင်မှုပုံစံလေးကို “ဆရာဥက္ကာဦးသာဆီမှာသီချင်းလာသွင်းရင်း ယူတို့အသည်းလေး ညီမလေး အက်စတာနဲ့ အပြင်မှာချစ်စရာလေး ရိုးရိုးအေးအေးလေး”…

Read More »

စည်ပင်ဝန်ထမ်းတွေကြောင့် အရင်းအနှီးဖျက်စီးမှုကိုခံလိုက်ရတဲ့ အသီးသည်အဘကို ကူညီပေးမယ့် Sinon Loresca

မနေ့က လူမှု့ကွန်ယက် စာမျက်နှာပေါ်မှာ တက်လာတဲ့ လိမ္မော်သီးရောင်းတဲ့ အဘတစ်ယောက်ရဲ့အဖြစ်ကို အားလုံးသိပြီးသားဖြစ်မှာပါ။ အဘက ဗိုလ်ချုပ်ဈေးမှာ ဈေးရောင်းတဲ့ လမ်းဘေးဈေးသည်တစ်ဦးဖြစ်ပြီး စည်ပင်ဝန်ထမ်းတွေရဲ့ ဖမ်းဆီးချင်းခံရကာ ခံဝန်ထိုးခဲ့ရတာ ဖြစ်ပါတယ်။ ပြဿနာက အဘရဲ့ အရင်းအနှီးတွေဖြစ်တဲ့ လိမ္မော်သီးတွေကို စည်ပင်ဝန်ထမ်းတွေက တူနဲ့ထုကာဖျက်ဆီးပစ်လို့ ပြည်သူတစ်ရပ်လုံးက စိတ်မကောင်းဖြစ်နေကြတာ ဖြစ်ပါတယ်။ အဘရဲ့ အဖြစ်ကို တွေ့မြင်ရသူတိုင်းက ရင်ထုမနာဖြစ်ပြီး အဘအတွက် လိုအပ်တဲ့ အရင်းအနှီးတွေ ပြန်လည်ပေးအပ်ဖို့ ဆန္ဒရှိနေကြတာ ဖြစ်ပါတယ်။ အဲ့ဒီလိုပဲ ဖိလစ်ပိုင်မော်ဒယ် Sinon Loresca…

Read More »

ကိုယ်ဝန်ဆောင်တုန်းက ကောင်းကောင်းမပြုစုခဲ့တဲ့ ဒဏ်တွေ ကလေးက ခုခံစားနေရတယ် လို့ သားလေးအကြောင်းပြောလာတဲ့ ခိုင်နှင်းဝေ

နိုင်ငံကျော်သရုပ်ဆောင် ခိုင်နှင်းဝေ ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ အနုပညာရှင်တစ်ဦးပါ။ သူမက အနုပညာကို ကြိုးစားလုပ်ရင်း မိသားစုနဲ့ အတူ ဘဝကိုအေးချမ်းစွာဖြတ်သန်းနေသူလေးပဲဖြစ်ပါတယ်။ ခိုင်နှင်းဝေက သူမဦးဆောင် တဲ့ ပရဟိတအဖွဲ့ လေးနဲ့ ပြည်သူလူထု အကျိုး မရှိဆင်းရဲသားတွေ အတွက် ပရဟိတအလှူများစွာကို လုပ်ကိုင်းနိုင်တဲ့ စံပြမင်းသမီးတစ်ဦး ဆိုလည်း မမှားပါဘူး ။ ခိုင်နှင်းဝေက ခုဆိုရင် မိဘမဲ့ ကလေးများကိုလည်း ပြုစုစောင့်ရှောက်တဲ့ မွန်မြတ်တဲ့ အလုပ်တွေကို လုပ်ကိုင်နေသူပဲဖြစ်ပါတယ်။ လက်ရှိမှာလည်း ခိုင်နှင်းဝေက သူ့ရဲ့ မွေးစားထားတဲ့…

Read More »

ကျောင်းစာကို လက်တွေ့အသုံးချကာ လူပေါင်း ၁၀၀ ရဲ့ အသက်ကို ကယ်တင်ခဲ့တဲ့ ၁၀ နှစ် သမီး

(၂၀၀၄)ခုနှစ်ဒီဇင်ဘာ(၂၆)ရက်နေ့က အိန္ဒိယသမုဒ္ဒရာတွင်းပါဝင်နေတဲ့ အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းရဲ့အနောက်ဘက်ကမ်းရိုးတန်းဒေသ ကိုဗဟိုပြုပြီး ရစ်ချာစကေးပြင်းအား (၉.၁) ကနေ (၉.၃ )အကြား ရှိပြင်းထန်တဲ့ငလျင်ဒဏ် ကြောင့်အလွန်ကြီးမားတဲ့ ဆူနာမီလို့သိကြတဲ့အမြင့်ပေ(၅၀) ကနေ (၁၀၀)အကြား၊ အချို့နေရာတွေမှာဆိုရင် (၁၆၇)ပေလောက်မြင့်တဲ့ လှိုင်းလုံးကြီးတွေဖြစ်ပေါ်ခဲ့ပါတယ်။ ယင်းလှိုင်းလုံးကြီးတွေဟာ အင်ဒိုနီးရှား၊ ထိုင်း၊မြန်မာ၊အိန္ဒိယ၊မော်လဒိုက်၊သိရိလင်္ကာစတဲ့နိုင်ငံကမ်းခြေတွေကို ဝင်ရောက်ရိုက်ခတ် ခဲ့တာကြောင့် ယင်းကမ်းခြေတွေမှာလာရောက်အပန်းဖြေနေတဲ့ ဥရောပနိုင်ငံသားတွေ အပါအဝင် လူပေါင်း (၂၃၀၀၀၀)နီးပါးသေဆုံးခဲ့ရပါတဲ့အပြင် စုစုပေါင်းအဆောက်အအုံ ပစ္စည်းပျက်စီးမှုတန်ဖိုးဟာလည်း အမေရိကန်ဒေါ်လာ (၁၅)ဘီလီယံလောက်ကိုရှိခဲ့ပါ တယ်။ သေဆုံးသူအားလုံးရဲ့ (၃)ပုံ(၂)ပုံလောက်ဟာ ကလေးများဖြစ်တယ်လို့ ကယ်ဆယ်ရေး အေဂျင်စီတွေကနေ…

Read More »

“အားပေးတဲ့ ပရိသတ်တွေကို ဝမ်းသာစေမယ့် သတင်းလေးကို ထုတ်ဖော်လာတဲ့ သံသာညီ”

သံသာညီကတော့ မကြာသေးမီကမှ ပြီးဆုံးခဲ့တဲ့ “နွေလယ်ညရဲ့လမင်း” ရုပ်သံဇာတ်လမ်းတွဲမှာ ဖူးဝေဆိုတဲ့ ချစ်စရာကောင်း၊ ဖြူစင်ရိုးသားတဲ့ကောင်မလေးအဖြစ် ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှု ရရှိခဲ့သူလည်းဖြစ်ပါတယ်။ သူဟာ သရုပ်ဆောင်သစ်တစ်ဦးဖြစ်ပေမယ့် ဖူးဝေဆိုတဲ့ ကာရိုက်တာကို အေကာင်းဆုံးစီးမျော ခံစားသရုပ်ဆောင်မှုကြောင့် ပရိသတ်တွေရဲ့အချစ်ကို ရရှိခဲ့တာလည်းဖြစ်ပါတယ်။ မကြာသေးမီကမှ ပြင်ဦးလွင်မြို့မှာ နှစ်စဉ်နှစ်တိုင်းကျင်းပလေ့ရှိတဲ့ ပန်းပွဲတော် အမျိုးသားကန်တော်ကြီးဥယျာဉ်ကို သွားရောက်ခဲ့တာဖြစ်ပြီး ပရိသတ်တွေနဲ့အတူပျော်ပျော်ပါးပါး ဂိမ်းဆော့ကစားပြီး လက်မှတ်ရေးထိုးခဲ့တာလည်း ဖြစ်ပါတယ်။ မျက်နှာသစ် တက်သစ်စ အနုပညာရှင်တစ်ယောက်ဖြစ်ပေမဲ့လည်း ကြိုးကြိုးစားစားနဲ့ ဇာတ်ရုပ်ကိုပီပြင်အောင်သရုပ်ဆောင်ထားနိုင်ခဲ့တာကြောင့်လည်း ပရိသတ်တွေက ဖူးဝေလေးကို အချစ်ကြီးချစ်နေကြတာဆိုရင်လည်း မှားမယ်မထင်ပါဘူး။…

Read More »

“ပထမဆုံးသီချင်းအမြည်းလေး ချပြလိုက်ပြီဖြစ်တဲ့ ခြူးစစ်ဟန်”

လူစိတ်ဝင်စားမှုအများဆုံးတီဗီအစီအစဉ်ပရိုဂရမ်တစ်ခုဖြစ်တဲ့ Myanmar Idol Season(4) ဟာလည်း ဒီဇင်ဘာလ (၂၈)ရက်နေ့မှာ Grand Final ကျင်းပပြီးစီးသွားခဲ့ပြီဖြစ်ပါတယ်..။ မြန်မာအိုင်ဒေါအစီအစဉ်ပြိုင်ပွဲတစ်လျှောက်မှာ ပြိုင်ပွဲ (၁၁)ယောက်ဟာ Voting စနစ်နဲ့ တစ်ပတ်ကို တစ်ယောက်ပြိုင်ပွဲမှ နှုတ်ဆက်ထွက်ခွာခဲ့ရပါတယ်..။ ပြိုင်ပွဲဝင်(၁၁)ယောက်ထဲကမှ အလှမယ်ခြူးစစ်ဟန်ကတော့ Voting အနည်းဆုံးနဲ့ First Week မှာ နှုတ်ဆက်ထွက်ခွာခဲ့ရပါတယ်..။ ခြူးစစ်ဟန်ဟာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပေမယ့် အားမလျော့ပဲ ဆက်လက်ပြီး အနုပညာအလုပ်လေးတွေကို သူမတတ်နိုင်သလောက် လုပ်သွားမှာပါလို့ အင်တာဗျူးတစ်ခုမှာ ပြောခဲ့ဖူးပါတယ်..။ ပြိုင်ပွဲကနေ ထွက်ခွာသွားပေမယ့်…

Read More »

ဦးဝှေ့ တင်းကို ဒီကနေ့ ပြန်လွှတ်ပေးမယ်လို့ အေအေ ပြော

ရက္ခိုင့်တပ်တော်(အေအေ) ကဖမ်းဆီးထားတဲ့ ချင်းပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းကို ပြန်လွှတ်ပေးဖို့ စီစဉ်နေတယ်လို့ အေအေပြောခွင့်ရ ခိုင်သုခက ဘီဘီစီ ကိုအတည်ပြုပြောဆိုထားတယ်လို့ သိရပါတယ်။ဒီကနေ့ လွတ်ပေးဖို့ ရှိသလို ကြေညာချက်လည်း ထုတ်ဖို့ အစီအစဉ်ရှိတယ်။’’ လို့ ဦးဝှေ့တင်းကို ပြန်လွှတ်ပေးမယ်ဆိုတဲ့မေးမြန်းမှုအပေါ် ခိုင်သုခကပြန်လည်ပြောဆိုပါတယ်။ ဦးဝှေ့တင်းနဲ့အတူ ကျောင်းဆရာတစ်ဦးကိုလည်း လွှတ်ပေးဖို့ရှိတယ်လို့လည်း သိရပါတယ်။ အသေးစိတ်ကိုတော့ အေအေရဲ့ တရားဝင်ထုတ်ပြန်ချက်ထုတ်တဲ့အခါမှ သိရမယ်လို့လည်း သူကပြောပါ တယ်။ရခိုင်တပ်ဖွဲ့(AA)က ဖမ်းဆီးထားသည့် ဦးဝှေ့တင်းကို ပြန်လည် လွတ်မြောက်ရေး “ဝ”အဖွဲ့(UWSA) ဦးဆောင်…

Read More »

အိုင်းစတိုင်းနဲ့ စတီဗင်ဟော့ကင်းတို့ထက် ဥာဏ်ရည်ပိုမြင့်တဲ့ ကောင်မလေး

England နိုင်ငံက အသက် ၁၂နှစ်အရွယ်ရှိ Anushka Dixit ဆိုတဲ့ ကလေးမလေးဟာ သာမ်ကလေးတွေလိုမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ သူဟာ တကယ့်ဥာဏ်ကြီးရှင်တွေဖြစ်တဲ့ Albert Einstein နဲ့ Steven Hawking တို့ထက် ဥာဏ်ပိုကောင်းတယ်လို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ၁၀နှစ်ကျော် ကလေးမလေးက ဒီလို ပညာရှင်ကြီးတွေထက် ဥာဏ်ပိုကောင်းတာ ဖြစ်နိုင်ပါ့မလားလို့ သင်သံသယ၀င်နေတယ်မလား London မြို့၊ Barkingside မှာနေတဲ့ Anushka ဟာ လက်ရှိအချိန်မှာ Einsteine နဲ့ Hawking…

Read More »

ဝါရင့်အဆိုတော်ကြီးတွေ နဲ့ အတူ သီဆိုဖျော်ဖြေခဲ့ရလို့  ဂုဏ်ယူပျော်ရွှင်နေတဲ့ အေးမြဖြူ

ပရိသတ်တွေရဲ့ အချစ်တော်အေးမြဖြူကတော့ ငယ်စဉ်ကတည်းက အနုပညာလောကနဲ့ မစိမ်းခဲ့တာကြောင့် ပရိသတ်တွေကို အထူးတလည် မိတ်ဆက်ပေးစရာမလိုလောက်တော့ဘူး ထင်ပါတယ်။ပြီးခဲ့တဲ့ လအနည်းငယ်လောက်ကကျင်းပခဲ့တဲ့ Myanmar Idol Season (4)ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Winner ဆုကြီးကို မရရှိခဲ့ပေမဲ့လည်း ပရိသတ်တွေရဲ့ ရင်ထဲက ပေးအပ်တဲ့ Winnerဆုကြီးကိုတော့ ရရှိထားခဲ့ပါတယ်။ အေးမြဖြူကတော့ ပြိုင်ပွဲကြီးမပြီးဆုံးခင်ကတည်းက ဖျော်ဖြေရေးပွဲတွေကို ဖျော်ဖြေပေးဖို့ ဖိတ်ကြားမှုတွေကိုတောင်ရရှိထားတဲ့ အထိအောင်မြင်မှုတွေရရှိခဲ့တာဖြစ်ပြီး လက်ရှိမှာလည်း နေ့တိုင်းနီးပါးလိုလိုကို ဖျော်ဖြေပွဲတွေကိုဖျော်ဖြေပေးနေရတယ်လို့လည်းသိရှိပါတယ်။ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှာ ပထမနှစ်ကိုတက်ရောက်နေတာဖြစ်ပြီး ကျောင်းဖွင့်တဲ့နေ့တွေမှာတောင် ညဘက်တွေမှာ ဖျော်ဖြေရေးပွဲတွေ ဖျော်ဖြေပေးရတဲ့…

Read More »